2/10/2017

♪ ကွန်ပြူတာမှာ Android ကို အသုံးပြုနည်း ♫


သင့်ရဲ့ စမတ်ဖုန်းမှာ နောက်ဆုံးထုတ် Android OS ကို မရရှိလို့ပဲဖြစ်ဖြစ်၊ အရွယ်ကြီး ကွန်ပြူတာမှာ Android ကို စမ်းသပ် အသုံးပြုချင်လို့ပဲဖြစ်ဖြစ် နည်းလမ်းများ ရှိပါတယ်။ အဲဒီနည်းလမ်းများထဲမှာ Bluestacks လို Android Emulator များကိုလည်း အသုံးပြုနိုင်ပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းကတော့ Flash Drive or Memory Card ကို အသုံးပြု၍ Android ကို ကွန်ပြူတာမှာ အသုံးပြုနည်း ဖြစ်ပါတယ်။

အဆင့် ၁ ။ ။ Flash Drive ကို ပြင်ဆင်ခြင်းနဲ့ Android အင်စတောပြုလုပ်ခြင်း။
ဒီနည်းလမ်းအတွက် အနည်းဆုံး 2GB ရှိတဲ့ USB Stick သို့မဟုတ် SD Card လိုပါတယ်။ Stick ကို ဖော်မက်ချမှာ ဖြစ်လို့ ဒေတာများကိုသိမ်းထားပါ။ ပြီးရင် ဒီနေရာကနေ Android x86 ကို ဒေါင်းလုပ်လုပ်ပါ။ ဒီ Tutorial မှာတော့ Android 6.0 64-Bit Version ကို သုံးမှာပါ။ စာဖတ်သူ နှစ်သက်ရာကို သုံးနိုင်ပါတယ်။ View Button ကို နှိပ်၍ ဒေါင်းလုပ်လုပ်ရမှာပါ။

နောက်အဆင့်မှာ Android ကို Stick မှာ အင်စတောလုပ်ပေးမယ့် ၀င်းဒိုးဆော့ဝဲ Rufus ကို ဒေါင်းလုပ်လုပ်ပါ။ Rufus ဟာ Portable Software ဖြစ်တဲ့အတွက် အင်စတောလုပ်စရာမလိုပါဘူး။ Rufus ကို Run ပါ။ ထိပ်မှ Device မှာ သင့်ရဲ့ USB Stick ကို ရွေးပါ။ File system မှာ “ FAT32” ကို ရွေးပါ။



နောက်ဆုံး အဆင့်အနေနဲ့ “ Create bootable disc using” Box မှာ အမှန်ခြစ်ပြီး ISO Image ကို ရွေးပါ။ ISO Image ရဲ့ ညာဘက်မှ စီဒီအိုင်ကွန်ကို နှိပ်ပြီး ဒေါင်းလုပ်လုပ်ထားတဲ့ Android x86 ISO ကို ရွေးပေးပါ။



နောက်အဆင့်မှာ Start ကို နှိပ်ပါ။ ပေါ်လာတဲ့ Dialog Box မှာ “ Write in ISO Image mode “ ကို ရွေးထားပေးမှာပါ။ အိုကေကို နှိပ်ပါ။
ဒေတာများကို ဖျက်ဆီးမယ်လို့ သတိပေးမှာပါ။ အိုကေကို နှိပ်ပါ။ USB Stick မှာ Android ကို အင်စတောလုပ်တဲ့ အချိန်ဟာ သိပ်မကြာပါဘူး။ အင်စတောလုပ်ပြီးရင် အသိပေးမှာဖြစ်ပြီး Rufus ကို ပိတ်နိုင်ပါပြီ။

အဆင့် ၂ ။ ။ USB Stick ကနေ Boot ပြုလုပ်ခြင်း။
ဒီအဆင့်မှာ USB Drive ကနေ ကွန်ပြူတာကို Boot လုပ်ရမှာပါ။ ကွန်ပြူတာကို ပိတ်ပါ။ F10 သို့မဟုတ် F12 ခလုတ်များကို နှိပ်၍ Boot Menu ထဲဝင်ပါ။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး ခလုတ်များ မတူတဲ့ အတွက် သင့်ကွန်ပြူတာအတွက် Boot Menu ထဲ ၀င်နိုင်မယ့် ခလုတ်ကို အွန်လိုင်းမှာ ရှာပါ။ Boot Menu ထဲရောက်ရင် USB Drive ကို ရွေးပေးပါ။ နောက်အဆင့်မှာ ခဏတာသာ စမ်းသပ်အသုံးပြုမှာ ဖြစ်လို့ “ Run Android x86 without installation “ ကို ရွေးပေးပါ။



စက္ကန့်ပိုင်းအတွင်းမှာ Android Boot Animation ကို မြင်ရမှာပါ။ နောက်အဆင့်မှာ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ပါ။ သင့် Google အကောင့်ထဲ Login ၀င်ပါ။


 
ကွန်ပြူတာမှာ Android x86 ကို အသုံးပြုခြင်း။
ကွန်ပြူတာမှ မောက်စ်နဲ့ ကီးဘုတ်များဖြင့် Android ကို သုံးနိုင်ပေမယ့်လည်း ထိတွေ့ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတဲ့ အတွက် သိပ်ကောင်းတဲ့ အတွေ့အကြုံကိုတော့ ရမှာ မဟုတ်ပါဘူး။ သင့်ရဲ့ လက်တော့စကရင်ဟာ ထိတွေ့မျက်နှာပြင်ဆိုရင်တော့ ပိုမိုကောင်းတဲ့ အတွေ့အကြုံကို ခံစားရမှာပါ။


 
အသုံးပြုနည်းများ
• လက် ၂ ချောင်းကို Touchpad မှာ ပွတ်ဆွဲတာကို Android မှာလည်း သုံးနိုင်ပါတယ်။ Notification Bar ပေါ်ကို Mouse Cursor တင်ပြီး လက် ၂ ချောင်းဖြင့် ဖိဆွဲချရင် Notification Shade ပေါ်လာမှာပါ။
• Android Device များမှ Long-Press လုပ်တဲ့ ဖန်ရှင်ကိုလည်း ၀င်းဒိုးမှာ သုံးနိုင်ပါတယ်။ မောက်စ်ရဲ့ ဘယ်ဘက်ခလုတ်ကို နှိပ်၍ ဖိထားရမှာပါ။
• Windows Key ကို Home Button လို သုံးနိုင်ပါတယ်။
• Volume , Brightness နဲ့ Media Player ခလုတ်များအားလုံးအတွက်ကိုလည်း မောက်စ်ကို သုံးနိုင်ပါတယ်။
• သင့်လက်တော့မှာ Webcam ပါရင် Camera App ကို သုံးနိုင်ပါတယ်။
• Android ကနေ ထွက်ချင်ရင် ကွန်ပြူတာရဲ့ ပါဝါ ခလုတ်ကို နှိပ်ပါ။ ပါဝါပိတ်ပြီးရင် USB Stick ကို ထုတ်ပြီး Restart လုပ်ရင် ၀င်းဒိုးထဲ ပြန်ရောက်သွားမှာပါ။
ဒီ Tutorial မှာတော့ အရာအားလုံးဟာ အဆင်ပြေချောမွတ်ပါတယ်။ ဒါပေမယ့် သင့်လက်တော့ရဲ့ Driver ပြည့်စုံမှု အပေါ် မူတည်ပြီး အဆင်ပြေခြင်း၊ မပြေခြင်းများ ဖြစ်နိုင်ပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com