2/09/2017

♪ ကင်မရာ ကိုရော battery ကိုပါမြှင့်တင်ပေးမယ့် iPhone case ♫


စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်တတ်တဲ့ သူတွေအနေနဲ့ ဖုန်းရဲ့ ကင်မရာပိုင်းကို ထောက်ပံ့ပေးနိုင်ဖို့အတွက်နဲ့ battery ပိုင်းကြာရှည်ခံစေဖို့အတွက် lens တို့ ၊ power bank တို့ကို ဆောင်ထားလေ့ရှိကြပါတယ်။

အဲ့ဒီ လိုအပ်ချက်ကို တွေးတောမိတဲ့ Moment လို့အမည်ရတဲ့ ကုမ္ပဏီတစ်ခုက iPhone 7 နဲ့ 7 Plus အတွက် case အဖြစ်လည်းသုံးနိုင်မယ်၊ ကင်မရာအတွက် lens လည်းပါဝင်မယ့် အပြင် battery အတွက် power bank လိုပါ သုံးနိုင်မယ့် 3-in-1 accessory တစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။

ဒီ case ကိုတော့ Moment Battery Photo Case လို့အမည်ပေးထားပြီး အရည်အသွေးမြင့်တဲ့ lens က ဓာတ်ပုံကောင်းတွေ ရရှိဖို့ ကူညီပေးမှာဖြစ်သလို battery အတွက်ပါ ပူစရာမလိုတော့တဲ့အတွက် ခရီးသွားတဲ့အခါ မျိုးမှာ ယူဆောင်သွားသင့်တဲ့ accessory တစ်ခုလို့ပြောနိုင်ပါတယ်။

Battery capacity တွေကတော့ iPhone 7 အတွက် 2500 mAh ပါဝင်ပြီး iPhone 7 Plus အတွက် 3500 mAh ပါဝင်ပါတယ်။ ဒါဟာ ဖုန်းနှစ်လုံးလုံးကို (၁၀၀) ရာနှုန်းအပြည့်သွင်းနိုင်တာထက်ကို ပိုနေပါသေးတယ်။

ဓာတ်ပုံရိုက်ရာမှာ ပိုမိုလွယ်ကူစေဖို့အတွက်လည်း ဘေးဘောင်မှာ shutter button တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Volume button ကိုနှိပ်ဖို့နဲ့ screen ကို နှိပ်ဖို့မလိုတော့အောင် ပြင်ဆင်ပေးထား တာဖြစ်ပြီး ဓာတ်ပုံရိုက်ဖို့အတွက် အဆင်အပြေနိုင်ဆုံးနေရာမှာ ခလုတ်ကိုထား ပေးထားပါတယ်။

Moment ကုမ္ပဏီအနေနဲ့ အရင်က iPhone 7 နဲ့ iPhone 7 Plus အတွက် lens ပါဝင်တဲ့ case တွေ အမြောက်အများ ထုတ်လုပ်ခဲ့ဖူးပြီး လူကြိုက်များခဲ့ပေမယ့် အခုလိုမျိုး battery အတွက်ကိုပါ ပူးတွဲ ထုတ်လုပ်တာကတော့ ပထမဦးဆုံး ဖန်တီးမှုလို့ပြောနိုင်ပါတယ်။

ဈေးနှုန်းကတော့ (၇၉) ဒေါ်လာဖြစ်ပြီး ဧပြီ (၈) ရက်နေ့မတိုင်ခင်မှာ ဒေါ်လာ(၅) သိန်းဖိုး ရောင်းချနိုင်ဖို့ မျှော်လင့်ထားကြောင်းသိရပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com