
အခုထုတ်ရောင်းမယ့် အရုပ်တွေကို Real Doll လို့ အမည်ပေးထားပြီး ပျော့ပြောင်းလွယ်တဲ့ အရိုးအဆစ်တွေ နဲ့ တည်ဆောက်ထားပါတယ်။ သမားရိုးကျ အရုပ်တွေဟာ တုံ့ပြန်မှုမရှိခြင်းအပြင် ရေခဲတုံးလို အေးစက်စက် ခံစားချက်တွေကို သာ ရရှိစေတာမို့ အခုလို Real Doll တွေမှာ ဥာဏ်ရည်တုနည်းပညာထည့်ွသွင်း ပြီး AI ဟာလည်း ပုံမှန်လုပ်ဆောင်ချက်တွေ မဟုတ်ဘဲ သုံးစွဲသူကို အစစ်အမှန် ဖျော်ဖြေပေးစေနိုင်မယ့် ညအိပ်ဖော် စစ်စစ်တွေအဖြစ် အသုံးတော်ခံနိုင်စေမယ် လို့ ကုမ္ပဏီ က ဆိုပါတယ်။
AI ထည့်သွင်းထားတဲ့ Doll တွေမှာ
အရေးကြီးဆုံး ကဏ္ဍဖြစ်တဲ့ Robotic Head Systems ကို အဓိကထား ဖြည့်ဆည်း
သွားရမှာ ဖြစ်ပြီး အခုနှစ်ကုန်ပိုင်း နဲ့ ၂၀၁၈ ခုနှစ် နှစ်ဆန်း စ
အချိန်တွေမှာ စတင် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ Real Doll အရုပ်တွေ ဟာ
ပြုံး ၊ ရယ် ၊ မဲ့ စတဲ့ လူစိတ်ခံစားမှု ၊ အခြေခံအချက်တွေကို အခြေခံပြီး
လူတစ်ယောက် ရဲ့ တကယ်ရှိရမယ့် အာရုံခြောက်ပါးကို မွန်းမံပြင်ဆင်ပေးသွားပြီး
အပိုင်း ၂ ခု ခွဲကာ အကောင်းဆုံး ဖြစ်အောင် တည်ဆောက်သွားမှာ ဖြစ်တယ် လို့
ဆိုပါတယ်။
အဆင်မြင့်နည်းပညာ သုံးစွဲထားတဲ့အတွက် ဒေါ်လာ
၁၀၀၀၀ ၀န်းကျင် နဲ့ စတင်ရောင်းချသွားမှာ ဖြစ်တယ် လို့ ဆိုခဲ့ပေမယ့် အဲဒီ
ဈေးနှုန်းဟာ AI ဦးနှောက်ပါဝင်တဲ့ Head Systems ကိုသာ ဆိုလိုတာ ဖြစ်ပြီး AI
ဦးနှောက် နဲ့ ဘော်ဒီကိုယ်ထည် ကို နှစ်ခု တွဲပြီး ၀ယ်ယူမယ် ဆိုပါက အခုထက်
ပိုပြီး တန်ဖိုးကြီးမားသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။
www.pyaephyo.com