1/17/2017

♪ “YouTube က Live Video ထုတ်လွှင့်သူများ ၀င်ငွေရစေမယ့် Super Chat ကိုမိတ်ဆက်” ♫

No automatic alt text available.

YouTube က သူ့ရဲ့ ၀က်ဆိုက်မှာ Live Video များဖန်တီးထုတ်လွှင့်သူများအား ၀င်ငွေရစေမယ့် စွမ်းဆောင်ချက် အသစ်တစ်ခုကိုထည့်သွင်းပေးလိုက် ပါတယ်။ Super Chat လို့ အမည်ပေးထားပြီး Live Video ကြည့်ရှုနေသူများ ရဲ့ comment များကို Highlight လုပ်၍ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဆုငွေများများချလေအဲဒီလူရဲ့ comment ကိုအချိန်ကြာကြာ Pin လုပ်ပေးထား မှာ ဖြစ်ပါတယ်။ ဒါ့အပြင် comment ကိုအရောင်ဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။ ယခုစွမ်းဆောင်ချက်ဟာ YouTube ယခင်တုန်းကအသုံးပြုခဲ့တဲ့ Fan Funding စွမ်းဆောင်ချက်ကိုအစားထိုးလိုက်တာ ဖြစ်ပါတယ်။ Fan Funding ကတော့ ရိုးရှင်းပြီး ကြည့်ရှုသူကဗီဒီယိုထုတ်လွှင့်နေသူကိုဆုငွေပေးတာ ဖြစ်ပါတယ်။

Super Chat ဟာ YouTube ရဲ့ Live Broadcast များကိုအရှိန်မြှင့်ချင်တာ ကြောင့် ဖြစ်နိုင်ပါတယ်။ YouTube က VidConမှာ Mobile App ကနေ Live Video များရိုက်ကူးထုတ်လွှင့်နိုင်တယ်လို့ ကြေညာခဲ့တာဟာလည်း Live Broadcast ကိုအောင်မြင်အောင် ပြုလုပ်နေတာ ဖြစ်ပါတယ်။ 


အဲဒီအချိန်က တည်းက The Young Turks, AIB, PlaticaPolinesia , SACCONEJOLY , Alex Wassabiတို့ အပါအ၀င် နာမည်ကြီးဗီဒီယိုထုတ်လွှင့်သူများက Mobile App ကို အသုံးပြုခဲ့ကြပါတယ်။ YouTube ဟာ Live Video ၀န်ဆောင်မှုကို ၂၀၁၁ ခုနှစ် ကတည်းက ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com