1/22/2017

♪ " Barcamp Yangon 2017 ကို ဇန်န၀ါရီ (၂၈) ရက်နှင့် (၂၉) ရက်နေ့တို့တွင် ကျင်းပမည် " ♫

Image may contain: one or more people and text

Barcamp Yangon 2017 ကို (၂၀၁၇) ခုနှစ်၊ ဇန်န၀ါရီလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့တို့တွင် MICT Park ၌ ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ (၈) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ပေးမည့် Barcamp ပွဲတစ်ခုဖြစ်ပြီး လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ရန်၊ မတူကွဲပြားမှုများနှင့် အတူတကွ ပူးပေါင်းဆောင် ရွက်နိုင်ရန်၊ နည်းပညာတစ်ခုတည်းအတွက် မဟုတ်ဘဲ အခြားသောအရာတွေကိုပါ လွတ်လပ် စွာဆွေးနွေးနိုင်ရန်အတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

ဆွေးနွေးချိန်တစ်ခုတိုင်းအတွက် (၄၅) မိနစ် ခွင့်ပြုထားကာ မိမိဟောပြောနေသည့် အကြောင်းအရာကို ပရိသတ်ပိုမိုရရှိလျက် သတ်မှတ်ချိန် (၄၅) မိနစ်ထက် ကျော်လွန်ပါက မိမိပရိသတ်နဲ့အတူ ပြင်ပ သင့်တော်ရာနေရာလွတ်တစ်ခုခုမှာ ဆက်လက်ဆွေးနွေးနိုင်မည်ဖြစ်သည်။ ပါဝင်ဆွေးနွေးလိုသည့် Speaker များအတွက် မျှဝေလိုသောအကြောင်းအရာများကို တင်ပြထားရှိမည့် Topic Board ကနေတဆင့် အခြားသော Speaker များနဲ့အတူ မိမိပြောကြားလိုတာတွေကို အပြိုင်အဆိုင်တင်သွင်းနိုင်မည်ဖြစ်ပြီး စိတ်ကြိုက်ဝေမျှနိုင် သည်။ တက်ရောက်မည့်သူများအတွက် တက်ရောက်ခွင့်လက်မှတ်ကို www.facebook.com/barcampyangon နှင့် www.barcampyangon.org တွင် မှတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com