1/22/2017

♪ Samsung က Note 7 ပေါက်ကွဲမှု ဖြစ်ရခြင်း အကြောင်းအရင်းကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ♫


Samsung က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ Galaxy Note 7 ပေါက်ကွဲတဲ့ အကြောင်းအရင်းကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ Samsung ရဲ့ တရားဝင်ကြေညာချက်မပြုလုပ်ခင်မှာ Reuters ကလည်း Samsung က Note 7 နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သတင်း ရေးသားထားပါတယ်။

Samsung နဲ့ Galaxy Note 7 ပေါက်ကွဲမှုကို စစ်ဆေးပေးခဲ့တဲ့ ကျွမ်းကျင်သူ အဖွဲ့အစည်းများက သူတို့ရဲ့ စစ်ဆေးတွေ့ရှိမှုကို ကမ္ဘာအား ပြောကြားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲကို www.Samsung.com ကနေ ဗီဒီယို တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

Samsung Galaxy Note 7 မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားအပြီး Samsung က Note 7 စမတ်ဖုန်ျးားကို ကမ္ဘာအ၀န်းမှာ ပြန်လည် သိမ်းယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက တစ်ကမ္ဘာလုံးက Galaxy Note 7 စမတ်ဖုန်းများရဲ့ ဘက်ထရီ မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိချင်နေကြပါတယ်။

ဒါ့အပြင် Samsung ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်းများမှာ ဘက်ထရီ မီးလောင် ပေါက်ကွဲမှု မဖြစ်အောင် ဘယ်လို ကာကွယ်ထားမလဲဆိုတာကိုပါ သိချင်နေကြပါတယ်။ Samsung ဟာ အဲဒီကိစ္စအပြီးမှာ အရှက်ကွဲခဲ့တဲ့ အပြင် ဘီလီယမ်နဲ့ ချီပြီး အရှုံးပေါ်ခဲ့ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com