1/21/2017

♪ Facebook အတွက် Tips & Tricks ၄ ခု ♫


လူတွေရဲ့ ပေါင်းသင်းဆက်ဆံရေး ကဏ္ဍ၊ အလုပ်ကိစ္စများ၊ ဆက်သွယ်ရေး ကိစ္စများမှာ Facebook ဟာ နေ့စဉ် အသုံးပြုနေကြတဲ့ မရှိမဖြစ် အရာတစ်ခုတောင် ဖြစ်လာပါပြီ။ Facebook ရဲ့ News Feed မှာ သူငယ်ချင်းများရဲ့ ပို့စ်များ၊ သတင်း၊ ဆောင်းပါးများကို ဖတ်ခြင်း၊ Chat မှာ သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်များနဲ့ စကားပြောခြင်းများ အပြင် အခြား လူသိနည်းပြီး အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာ ရှိပါတယ်။ အဲဒီလို လူသိနည်းပြီး အသုံးဝင်တဲ့ စွမ်းဆောင်ချက်များ တစ်နည်းအားဖြင့် Facebook နဲ့ ပတ်သက်တဲ့ Tips and Tricks များထဲမှ ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Facebook ကိုဖွင့်စရာမလိုဘဲ ဖတ်ရှုပါ။

1

အလုပ်ရှင်က အလုပ်မှာ Facebook သုံးတာကို မကြိုက်ရင်တော့ အခက်တွေ့ပါပြီ။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ Facebook Website or App ကိုဖွင့်စရာမလိုဘဲနဲ့ သူငယ်ချင်းများရဲ့ ပို့စ်များကို အီးမေးကနေ ဖတ်နိုင်ပါတယ်။ ဒီလိုဖတ်နိုင်ဖို့အတွက် Settings ထဲမှ Notifications ထဲသွားပါ။ Email ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။ All notifications or Important notifications ကို ရွေးချယ်ပေးပါ။

၂။ ရင်းနှီးတဲ့ သူငယ်ချင်းများထံမှ Notifications ရယူပါ။
2

ရင်းနှီးတဲ့ သူငယ်ချင်းများ၊ ချစ်ခင်နှစ်သက်သူများက ပို့စ်တင်ရင် Notification ရရှိနိုင်ဖို့ ပြုလုပ်ထားနိုင်ပါတယ်။ သင့် သူငယ်ချင်းရဲ့ Timeline Page ထဲကို သွားပါ။ Cover Photo ရဲ့ ညာဘက်မှ Friends လို့ ရေးသားထားတဲ့ Drop-Down Menu ကို နှိပ်ပါ။ Get Notifications ကို ရွေးချယ်ပေးပါ။ ဒါဆိုရင် အဲဒီ သူငယ်ချင်း ပို့စ်တစ်ခုတင်တိုင်း သင့်မှာ Notification ရရှိနိုင်ပါတယ်။

၃။ Friend Lists များကို အသုံးပြုပါ။
3

Facebook မှာ Status တစ်ခုတင်ရင် သူငယ်ချင်းအားလုံး သို့မဟုတ် Public အနေနဲ့ မျှဝေရပါတယ်။ မိသားစုဝင်များ၊ အပြင်မှာ တကယ်ရင်းနှီးတဲ့ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့သာ မျှဝေချင်ရင်တော့ Friend Lists ကို အသုံးပြုပါ။ News Feed ရဲ့ ဘယ်ဘက်မှ Friends ကို နှိပ်ပါ။ နောက်အဆင့်မှာ Create List ကို နှိပ်ပါ။ အမည်ပေးပြီး နှစ်သက်ရာ လူများကို ထည့်သွင်းနိုင်ပါတယ်။ ဥပမာအားဖြင့် မိသားစု၊ အလုပ်၊ ကျောင်း စသဖြင့် List များ ပြုလုပ်နိုင်ပါတယ်။

၎။ သင့်ကို Tag ပြုလုပ်ခြင်းမှ ကာကွယ်ပါ။
4

သင်နဲ့ မပတ်သက်ဘဲ သို့မဟုတ် သင့်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ သူငယ်ချင်းတွေက သင့်ကို Tag လုပ်ရင် အဲဒီပို့စ်၊ ဓါတ်ပုံကို သင့်ရဲ့ Timeline မှာ မပေါ်အောင် ကာကွယ်ထားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Settings> Timeline and Tagging ထဲသွားပြီး “ Review posts friends tag you….” မှာ On ပေးပါ။ ဒါဆိုရင် သူငယ်ချင်းတစ်ယောက်က သင့်ကို Tag လုပ်ရင် Notification ပေါ်လာမှာ ဖြစ်ပြီး သင်က Review လုပ်နိုင်ပါတယ်။ သင် မနှစ်သက်ရင် Timeline မှာ မပေါ်အောင် Hide လုပ်ထားနိုင်ပါတယ်။




Credit to ==> Digital Times

 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com