1/22/2017

♪ တစ်ဟုန်ထိုး ရေပန်းစားလာတဲ့ Meitu Photo Editing App ♫


တရုတ် အခြေစိုက် ကုမ္ပဏီတစ်ခုရဲ့ Photo Editing App ဟာ Prisma လိုပဲ အမေရိကနှ်မှာ တစ်ဟုန်ထိုး ရေးပန်းစားနေပါတယ်။ Meitu လို့ အမည်ပေးထားပြီး သူ့ကို ၂၀၀၈ ခုနှစ်ကတည်းက စတင် ဖြန့်ချီပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ အာရှတစ်လွှားမှာတော့ ရေပန်းစားနေတာ ကြာပြီဖြစ်ပြီး အခုတော့ အမေရိကန်အထိ ထိုးဖောက်ဝင်ရောက်လာပါပြီ။ တရုတ်နိုင်ငံ ပြင်ပမှာ အသုံးပြုသူ သန်း ၄၃၀ ရှိပါတယ်။ အင်စတောလုပ်ထားတဲ့ Device ပေါင်းဟာ ကမ္ဘာအ၀န်းမှာ ၁.၁ ဘီလီယမ် ရှိပါတယ်။ ကမ္ဘာ အ၀န်းမှာ လစဉ် သုံးစွဲသူ အရေအတွက်ဟာ ၄၅၆ သန်း ရှိနေပါပြီ။

Meitu ဆိုဘာဘာလဲ ?

Meitu ဟာ iOS နဲ့ Android အတွက် ထုတ်လုပ်ပေးထားတဲ့ Photo-Editing App ဖြစ်ပါတယ်။ သူက သင့်ရဲ့ မူလရုပ်သွင်ပြင်ကို အများကြီး မပြောင်းလဲစေဘဲ အတုအယောင် ရုပ်သွင်ပြင်တစ်ခုနဲ့ ပေါင်းစပ်ပေးပါတယ်။ ဒီလို ဖန်တီးပေးဖို့ သူက မျက်နှာသွင်ပြင်ကို အာရုံခံတဲ့ နည်းပညာနဲ့ Augmented Reality နည်းပညာကို ပေါင်းစပ်ထားပါတယ်။ Prisma လို သင့်ရဲ့ ဓါတ်ပုံများကို ပန်းချီကားဆန်ဆန် ပြောင်းလဲပေးတာ နဲ့ ဆင်တူပါတယ်။ သင့်ရဲ့ ရုပ်သွင်ပြင်ကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လှပဆန်းသစ်စေတဲ့ One Touch Photoshop လို့တောင် တင်စားလို့ရပါတယ်။ သူက သင့်ရဲ့ ရုပ်သွင်ပြင်ကို ကာတွန်းရုပ်တစ်ခုလို ဖန်တီးပေးနိုင်တာက သူ့ရဲ့ လူကြိုက်အများဆုံး စွမ်းဆောင်ချက် ဖြစ်ပါတယ်။ Meitu ကို တီထွင်တဲ့ ကုမ္ပဏီဟာ ယခင်နှစ်က ဒေါ်လာ ၄.၅ ဘီလီယမ်ဖြင့် ၀ယ်ယူဖို့ ကမ်းလှမ်းခံထားရပါတယ်။ အဲဒီကုမ္ပဏီဟာ AirBrush , MakeupPlus တို့လို နာမည်ကြီး App များကို ဖန်တီးထားပါတယ်။

Meitu ရဲ့ အလုပ်လုပ်ပုံ
Meitu ကို အင်စတောလုပ်ပြီး ဖွင့်လိုက်တာနဲ့ သူက Selfie ဓါတ်ပုံရိုက်ဖို့ ပြောမှာပါ။ အဲဒီနောက်မှာတော့ Main Screen ကို ရောက်ရှိသွားပြီး အောက်ပါ Menu များကို သင်မြင်တွေ့ရမှာပါ။

• Editing – Auto-Enhance, Frames , Stickers, Text, Blur, Magic Beauty Brush တို့လို အခြေခံ Tools များကို အသုံးပြုနိုင်ပါတယ်။

• Camera – သင့်ရဲ့ Gallery မှ ဓါတ်ပုံများသာမက ဖုန်းကင်မရာကနေ ချက်ချင်းရိုက်ကူးတဲ့ ဓါတ်ပုံများကို Vignette , Blur Effect များ ထည့်သွင်းနိုင်ပါတယ်။ Youthful, Sunlit, Selfie, Food အပါအ၀င် Filters များစွာ ထည့်သွင်းနိုင်ပါတယ်။ မျက်နှာကို ပင့်တင်တဲ့ Effect နဲ့ Night Mode ကိုလည်း သုံးနိုင်ပါတယ်။
• Retouch – ဒါကတော့ App ရဲ့ Photoshop ကဏ္ဍပါ။ သင့်ရဲ့ အရေပြားကို လှပစေခြင်း၊ ၀က်ခြံနဲ့ အစက်အပြောက်များကို ဖယ်ရှားပေးခြင်း၊ မျက်နှာကို သွေးသွယ်အောင် ပြုလုပ်ခြင်း အပါအ၀င် အရပ်ရှည်အောင်တောင် ပြုလုပ်နိုင်ပါတယ်။

• Tips – မန်ဒရင်း ဘာသာစကားကို နားလည်ရင်တော့ အဲဒီကဏ္ဍကနေ အသုံးပြုနည်းများစွာကို လေ့လာနိုင်ပါတယ်။

• Hand-drawn – Meitu ရဲ့ လူကြိုက်အများဆုံး စွမ်းဆောင်ချက်ဖြစ်ပါတယ်။ Beauty Filters များစွာထဲမှ တစ်ခုကို အသုံးပြုနိုင်ပါတယ်။ အဲဒီနောက်မှာ သင့်မျက်နှာ၊ မျက်လုံး၊ အသားရောင်၊ ဆံပင်အရောင်တို့ကို ပြောင်းလဲနိုင်တဲ့ Effect ၆ ခုကို သုံးနိုင်ပါတယ်။ ရလဒ်ကတော့ ကာတွန်းအရုပ်ကလေးနဲ့ တူတဲ့ ဓါတ်ပုံ ထွက်လာမှာပါ။ Meitu က ဒါကို Painted Photo လို့ ခေါ်ပါတယ်။

• Collage – ဒါကတော့ ဓါတ်ပုံများစွာကို တစ်ပုံထဲ အဖြစ် စုပေါင်း ဖန်တီးပေးတဲ့ စွမ်းဆောင်ချက်ပါ။ Dollage Photo ကို အလှဆင်တဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။

• Auto Beauty – ခလုတ်တစ်ချက်နှိပ်ရုံဖြင့် သင့်မျက်နှာကို လှပသွားစေချင်ရင်တော့ Auto Beauty ကို သုံးပါ။

• Meipei – ဒါကတော့ Meipei ရဲ့ ဒေါင်းလုပ်လင့်ဖြစ်ပီး ဗီဒီယိုများမှာ Stickers နဲ့ Effects များ ထည့်သွင်းနိုင်ပါတယ်။

Meitu ဖြင့် ဓါတ်ပုံများကို အသွင်ဆန်းသစ်အောင် ဖန်တီးပြီးရင်တော့ ဖုန်းမှာ သိမ်းထားနိုင်သလို လူမှုကွန်ရက်များမှာ မျှဝေနိုင်ပါတယ်။



Credit to ==> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com