Apple ရဲ့ iPhone X အမည်ရစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအသစ်တစ်လုံး ဒီနှစ်ထဲမှာမိတ်ဆက်မယ်ဆိုတဲ့  သတင်းတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ၅.၈ လက်မမျက်နှာပြင်တပ်ဆင်ထားမှာ ဖြစ်ပြီးနည်းပညာ အသစ်များ ထည့်သွင်း ပေးထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အမျိုးအစားဟာ Curved OLED ဖြစ်နိုင်ပါတယ်။
Xiaomi Mi Mix လိုမျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်မှာပါ။ အရှေ့ဘက် ကင်မရာ၊ လက်ဗွေရာအာရုံခံကိရိယာတို့ကိုမျက်နှာပြင်ရဲ့ အောက်မှာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။ ပိုင်ရှင် မျက်နှာကို စမတ်ဖုန်းကအာရုံခံနိုင်တဲ့
နည်းပညာနဲ့ Gesture များဖြင့် အလုပ်လုပ်တဲ့ နည်းပညာအသစ်များ ပါလာ
နိုင်ပါတယ်။ နည်းပညာအသစ်များအတွက် အရှေ့ ကင်မရာအနားမှာ Laser Sensor နဲ့
Infrared Sensor တစ်ခုစီတပ်ဆင်ထားမှာ ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာပဲ ၄.၇ လက်မ iPhone 7S နဲ့ ၅.၅ လက်မ iPhone 7S Plus တို့ကို လည်းမိတ်ဆက်မှာ ဖြစ်ပြီး ယခင်နှစ်ထုတ် iPhone 7 များထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Apple ရဲ့ iPhone X မှာ LCD ကနေ OLED ကိုပြောင်းလဲအသုံးပြုမှု၊ မျက်နှာပြင် ဘေးဘောင်မဲ့ ဒီဇိုင်း တို့ဟာယခုနှစ် စမတ်ဖုန်းလောကမှာအောင်မြင်နိုင် မလားဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Xiaomi Mi Mix လိုမျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်မှာပါ။ အရှေ့ဘက် ကင်မရာ၊ လက်ဗွေရာအာရုံခံကိရိယာတို့ကိုမျက်နှာပြင်ရဲ့ အောက်မှာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။ ပိုင်ရှင် မျက်နှာကို စမတ်ဖုန်းကအာရုံခ
ဒီနှစ်ထဲမှာပဲ ၄.၇ လက်မ iPhone 7S နဲ့ ၅.၅ လက်မ iPhone 7S Plus တို့ကို လည်းမိတ်ဆက်မှာ ဖြစ်ပြီး ယခင်နှစ်ထုတ် iPhone 7 များထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Apple ရဲ့ iPhone X မှာ LCD ကနေ OLED ကိုပြောင်းလဲအသုံးပြုမှု၊ မျက်နှာပြင် ဘေးဘောင်မဲ့ ဒီဇိုင်း တို့ဟာယခုနှစ် စမတ်ဖုန်းလောကမှာအောင်မြင်န
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com