1/17/2017

♪ “Asus က ZenBook 3 Deluxe ကို မိတ်ဆက်” ♫

No automatic alt text available.

Asus က CES မှာ ZenBook 3 Deluxe Notebook ကို မိတ်ဆက်လိုက်ပါ တယ်။ ၁၄ လက်မ Full HD Display တပ်ဆင်ထားပြီး ပါးလွှာ ပေါ့ပါးပါတယ်။ Intel Core i5 နဲ့ i7 Model ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။ 16GB RAM ထည့် သွင်းထားပြီး 1TGB Storage အထိ ရွေးချယ်နိုင်ပါတယ်။ 

ဘက်ထရီမှာ ၁၀ နာရီ အသုံးခံပါတယ်။ WiFi 802.11ac, Bluetooth 4.1 ဆက်သွယ်မှုများ ကို ထောက်ပံ့ပါတယ်။ Thunderbolt 3 ကို ထောက်ပံ့တဲ့ USB Type-C Port ၂ ခု ပါရှိပါ တယ်။ ၁.၁ ကီလိုဂရမ် အလေးချိန်ရှိပြီး ၁၂.၉ မီလီမီတာ အထူရှိပါတယ်။ 

တန်ဖိုးအနည်းဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းမှာ ၁၆၉၉ ဒေါ်လာဖြစ်ပါ တယ်။ Asus ZenBook 3 Deluxe ကို အပြာနဲ့ အညိုရောင်များ ထုတ်လုပ် ပေးထားပြီး မေလမှာ စတင် ရောင်းချပေးမှာပါ။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com