1/21/2017

♪ Vivo V5 Plus ကို ရောင်းပြီ ♫


Vivo က V5 Plus ကို တရားဝင် ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်မှာ အရှေ့ဘက်တွင် 20MP နဲ့ 8MP Camera ၂ လုံးကို ပူးတွဲတပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် Bokeh Effects လို ထူးခြားဆန်းသစ်တဲ့ Selfie Photo များကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံရိုက်ကူးပြီးနောက်မှ Focus ကို ပြန်လည် သတ်မှတ်နိုင်ပါတယ်။ Blur Effect များကိုလည်း နှစ်သက်သလို ထည့်သွင်းနိုင်မှာပါ။

အနောက်ဘက်မှာတော့ 16MP Camera တပ်ဆင်ထားပြီး 4K Video များကို ရိုက်ကူးနိုင်ပါတယ်။ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပြီး Qualcomm Snapdragon 625 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM , 64GB Storage ,3160mAh Battery တပ်ဆင်ထားပါတယ်။ Android 6.0 Marshmallow အခြေပြု Funtouch 3.0 OS ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ လက်ဗွေရာ အာရုံခံစနစ် ပါရှိပါတယ်။

Vivo V5 Plus ကို ရွှေရောင်သာ ထုတ်လုပ်ပေးထားပါတယ်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာတို့မှာ မကြာခင်ရောင်းချမှာ ဖြစ်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com