
Apple
 က iOS 11 မှာ အဖွဲ့လိုက် Video Call ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို 
FaceTime မှာ ထည့်သွင်းပေးတော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 
အစ္စရေးနည်းပညာဘလော့ The Verifier က ဒီသတင်းကိုပြောကြား လိုက်တာဖြစ်ပြီး အဲဒီစွမ်းဆောင်ချက်ဟာ လူတွေမျှော်လင့်နေတဲ့ စွမ်းဆောင်ချက်တစ်ခုဖြစ်ပါတ ယ်။ iOS 11 ကို Apple က ယခုနှစ်နှောင်းပိုင်းမှာ ဖြန့်ချိပေးမှာဖြစ်ပါတယ်။
 Apple ကတော့ ဒီသတင်း ကို တရားဝင်တုန့်ပြန်ခြင်းမရှိ သေးပါဘူး။ အဖွဲ့လိုက် 
Video Call  ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို iOS Devices များမှ 
iMessage ကို Update ပြုလုပ်ခြင်းဖြင့် အရင်ဆုံး စမ်းသပ်အသုံးပြုနိုင်အောင်
 ဖန် တီးပေးမယ်လို့လည်း The Verifier က ဆိုပါတယ်။ Group Video Chat မှာ လူ ၅
 ယောက်အထိ ပါဝင်နိုင် တယ်လို့သိရပါတယ်။ 
လက်ရှိမှာတော့ FaceTime ကို စတင်ဖြန့်ချိခဲ့တဲ့ ၂၀၁၀ ခုနှစ် ကတည်းက လူ ၂ ယောက်သာ Video Chat ပြုလုပ်နိုင်ပါတယ်။ Skype နဲ့ Google Hangouts တို့မှာ အဖွဲ့လိုက် Video Call ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပြီးသားဖြစ်တဲ့ အတွက် Apple ရဲ့ FaceTime က နောက်ကောက်ကျနေတာ ဖြစ်ပါတယ်။ Google ရဲ့နောက်ဆုံးထုတ် Video Calling App ဖြစ်တဲ့ Duo မှာတော့ FaceTime မှာလိုပဲ လူ ၂ ယောက်သာ Video Chat ပြုလုပ်နိုင်ပါတယ်။ Apple က ဇွန်လအစော ပိုင်းမှာ ကျင်းပမယ့် World Wide Developer Conference (WWDC) မှာ iOS 11 ကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။
 
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
အစ္စရေးနည်းပညာဘလော့ The Verifier က ဒီသတင်းကိုပြောကြား လိုက်တာဖြစ်ပြီး အဲဒီစွမ်းဆောင်ချက်ဟာ လူတွေမျှော်လင့်နေတဲ့ စွမ်းဆောင်ချက်တစ်ခုဖြစ်ပါတ
လက်ရှိမှာတော့ FaceTime ကို စတင်ဖြန့်ချိခဲ့တဲ့ ၂၀၁၀ ခုနှစ် ကတည်းက လူ ၂ ယောက်သာ Video Chat ပြုလုပ်နိုင်ပါတယ်။ Skype နဲ့ Google Hangouts တို့မှာ အဖွဲ့လိုက် Video Call ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပြီးသားဖြစ်တဲ့ အတွက် Apple ရဲ့ FaceTime က နောက်ကောက်ကျနေတာ ဖြစ်ပါတယ်။ Google ရဲ့နောက်ဆုံးထုတ် Video Calling App ဖြစ်တဲ့ Duo မှာတော့ FaceTime မှာလိုပဲ လူ ၂ ယောက်သာ Video Chat ပြုလုပ်နိုင်ပါတယ်။ Apple က ဇွန်လအစော ပိုင်းမှာ ကျင်းပမယ့် World Wide Developer Conference (WWDC) မှာ iOS 11 ကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com