1/20/2017

♪ “HTC က စွမ်းရည်မြင့် U Ultra ကိုမိတ်ဆက်” ♫

Image may contain: 1 person, text

HTC က စွမ်းရည်မြင့် စမတ်ဖုန်းအသစ်တစ်လုံးကိုမိတ်ဆက်လိုက်ပါတယ်။ U Ultra လို့ အမည်ပေးထားပြီး Sense Companion ဒစ်ဂျစ်တယ် ကိုယ်ရေး လက်ထောက်အသစ် ပါလာပါတယ်။ Sense Companion ဟာ ဖုန်းရဲ့ အဓိက စွမ်းဆောင်ချက်လည်း ဖြစ်ပါတယ်။ Sapphire Glass ဖြင့် ဖုံးအုပ်ထားတဲ့ Exclusive Edition ကိုတော့ ယခုနှစ်နှောင်းပိုင်းမှာမှ ရောင်းချမှာ ဖြစ်ပါတယ်။

HTC U Ultra ဟာ LG V20 ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတာ ဖြစ်နိုင်ပါ တယ်။ သူ့မှာ ၅.၇ လက်မ QHD Display တပ်ဆင်ထားပြီးထိပ်မှာ အကန့်ခွဲ ထားတဲ့ မျက်နှာပြင်ငယ် ပါပါတယ်။ အဲဒီမျက်နှာပြင်ငယ်ကနေ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 821 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM ထည့်သွင်း ထားပြီး 64GB or 128GB Storage Model များရွေးချယ်နိုင်ပါတယ်။ microSD Card Slot လည်းတပ်ဆင်ထားပါတယ်။ ကင်မရာအပိုင်းမှာ HTC 10 နဲ့ ဆင်တူပါတယ်။ U Ultra ရဲ့ အနောက်ဘက်မှာ 12MP UltraPixel Camera တပ်ဆင်ထားပြီး OIS, PDAF နည်းပညာပါပါတယ်။

အရှေ့ဘက်မှာ 4MP Image များကိုရိုက်ကူးနိုင်တဲ့ 16MP Camera တပ်ဆင် ထားပါတယ်။ ဘက်ထရီကတော့ အားနည်းပြီး 3000mAh Battery သာ တပ်ဆင် ထားပါတယ်။ မျက်နှာပြင်ကြီးမားပြီးအရည်အသွေးကောင်းတဲ့ အတွက် ဒီထက်ပိုကောင်းတဲ့ ဘက်ထရီတပ်ဆင်သင့်တယ်လို့ ကျွမ်းကျင်သူ များကသုံးသပ်ပါတယ်။ ဒါပေမယ့် အားသွင်းရာမှာ လျင်မြန်တဲ့ USB Type C Port တပ်ဆင်ထားပါတယ်။


သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး Liquid Surface Design ကို U Ultra မှာ စတင် မိတ်ဆက်ထားတာက ထူးခြားပါတယ်။ HTC U Ultra ကို မတ်လမတိုင်ခင်မှာတစ်ကမ္ဘာလုံးတွင်ရောင်းချပေးမှာဖြစ်ပြီး မတ်လလယ်မှာပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com