Xiaomi က ယခင်နှစ် ဇူလိုင်လမှာ Mi Notebook Air ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာလည်း 4G Model ကို ရောင်းချ ပေးခဲ့ပါတယ်။
4G Model ဟာ ပထမတော့ မူလမော်ဒယ်ရဲ့ မျိုးဆက်သစ်ဖြစ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းတော့ 4G စွမ်းရည်သာ ပါရှိလာပါတယ်။ အခုတော့ မျိုးဆက်သစ်မော်ဒယ်တစ်ခုကို Xiaomi က မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့သတင်းအရ
၂၀၁၇ ထုတ် Mi Notebook Air မှာ အလွန်ပေါ့ပါးတဲ့ မဂ္ဂနီဆီယမ်-လစ်သီယမ်ကိုယ်
ထည်တပ်ဆင်ထားမှာဖြစ်ပါတယ်။
အဲဒီမော်ဒယ်ဟာ ၂၀၁၆ ထုတ် ၁၂.၅ လက်မ Mi Notebook Air ရဲ့ ၁.၀၇ ကီလိုဂရမ်ထက် ပေါ့ပါးမှာဖြစ်ပါတယ်။ မျိုးဆက်သစ်မော်ဒယ်ရဲ့ကိုယ် ထည်ကို ထိုင်ဝမ်အခြေစိုက် TaiSol Electronics နဲ့ ဂျပန်အခြေစိုက် ShinSho တို့က ပူးပေါင်းတီထွင်ပေးမှာဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်-လစ်သီယမ်ကိုယ်ထည်ဟာ အလူမီနီယမ်ထက် ၇၅ ရာခိုင်နှုန်း ပိုမိုပေါ့ပါးပါတယ်။
ဒါ့အပြင် ပိုမိုအကြမ်းခံပါတယ်။ အားနည်းချက်တစ်ခုကတော့ မဂ္ဂနီဆီယမ်-လစ်သီယမ် ကိုယ်ထည်များဟာ တန်ဖိုးကြီးမားပါတယ်။ အဲဒီအတွက် ၂၀၁၇ ခုနှစ်ထုတ် Mi Notebook Air ဟာ ဈေးနှုန်းသက်သာမှာတော့ မဟုတ်ပါဘူး။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
4G Model ဟာ ပထမတော့ မူလမော်ဒယ်ရဲ့ မျိုးဆက်သစ်ဖြစ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းတော့ 4G စွမ်းရည်သာ ပါရှိလာပါတယ်။ အခုတော့ မျိုးဆက်သစ်မော်ဒယ်တစ်ခုကို
အဲဒီမော်ဒယ်ဟာ ၂၀၁၆ ထုတ် ၁၂.၅ လက်မ Mi Notebook Air ရဲ့ ၁.၀၇ ကီလိုဂရမ်ထက် ပေါ့ပါးမှာဖြစ်ပါတယ်။ မျိုးဆက်သစ်မော်ဒယ်ရဲ့ကိုယ်
ဒါ့အပြင် ပိုမိုအကြမ်းခံပါတယ်။ အားနည်းချက်တစ်ခုကတော့ မဂ္ဂနီဆီယမ်-လစ်သီယမ် ကိုယ်ထည်များဟာ တန်ဖိုးကြီးမားပါတယ်။ အဲဒီအတွက် ၂၀၁၇ ခုနှစ်ထုတ် Mi Notebook Air ဟာ ဈေးနှုန်းသက်သာမှာတော့ မဟုတ်ပါဘူး။
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com