1/22/2017

♪ “KENBO Fly O21s” ♫

Image may contain: phone

ကုမ္ပဏီတစ်နှစ်ပြည့်အဖြစ် ထုတ်လုပ်ထားသောဖုန်းဖြစ်ပြီး၊ ယနေ့ အချိန် အထိတိုင်အောင် ပစ္စည်းပြတ်လပ်တဲ့ အထိရောင်းအား အလွန်ကောင်းခဲ့တဲ့ KENBO O21s ဖုန်းလေးနဲ့မိတ်ဆက်ပေးချင်ပါ တယ်။ Magic Device တစ်လုံး ကဲ့သို့ လိုရာသုံးရနိုင်စေရန် ဖန်တီးထုတ်လုပ်ပေးထားပြီး ဒီဇိုင်းပိုင်းကလည်း လှပသေသပ်တဲ့အတွက် လူကြိုက်အလွန်များပါတယ်။

ဖုန်းကိုယ်ထည်ဒီဇိုင်း ဟာ ထောင့်စွန်းများတွင် အ၀န်းအ၀ိုက်ပုံစံ ရှိပါ တယ်။ မျက်နှာပြင်အကျယ် 5.5 inchesရှိပြီး IPS နည်းပညာ နဲ့ ထုတ်လုပ်ပေးထားပါတယ်။ ရုပ်ထွက် အပိုင်းတွင် 1280 × 720 Pixels ပမာဏ အထိရရှိအောင် ဆောင်ရွက် ပေးထားခြင်း ကြောင့် ဖုန်းအသုံးပြုတဲ့အခါတွင် မြင်ကွင်းကြည့်ရှုမှုအပိုင်း၌ အဆင်ပြေစေမှာဖြစ်ပါတယ်။ ဖုန်းတွင်းစွမ်းရည်အပိုင်း၌ Quad Core 1.3 GHz CPU ကို သုံးပေးထားခြင်းကြောင့် ဖုန်းအသုံးပြုတဲ့အခါတွင် လျင်မြန်သော တုံ့ပြန်မှုများကို ပေးစွမ်းပါလိမ့်မယ်။ RAM 2GB ပါဝင်ခြင်းကလည်း ဖုန်းသုံးတဲ့အခါတွင် ပိုမိုကောင်းမွန်စေပါလိမ့်မယ်။

မှတ်ဥာဏ်ပမာဏအပိုင်းမှာ 16 GB ROM ဖြစ်ခြင်းကြောင့် ရုပ်ပုံ၊ ဗီဒီယို၊ သီချင်း၊ Application စတာတွေကို များပြားစွာထည့်သွင်းသိမ်းဆည်း နိုင်မှာ ပဲဖြစ်ပါတယ်။ ဓာတ်ပုံ ရိုက်ကူးမှုအပိုင်းတွင် အဆင်ပြေစေဖို့အတွက်လည်း ကင်မရာပိုင်းဆိုင်ရာ Function များစွာကို ထည့်သွင်းပေးထားပါသေးတယ်။ Selfie ရိုက်ကူးမှုအပိုင်းတွင် ပုံထွက်ကောင်းစေရန် အရှေ့ဘက်တွင် 5 Mega pixels စွမ်းရည်ရှိသော ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ အနောက်ဘက် ကင်မရာစွမ်းရည်မှာ 13 Megapixels စွမ်းရည်ရှိသောကြောင့် သဘာဝဆန်ဆန် အလှတရားများ ဖန်တီးနိုင်ဖို့ အကောင်းဆုံး ရုပ်ထွက်ကို ထောက်ပံ့ပေးနိုင်ပါတယ်။


စက်လည်ပတ်မှုစနစ် Android 5.0 (Lollipop) ကို O21S မှာ သုံးပေးထားပါတယ်။ ဖုန်းသုံးတဲ့အခါမှာ ကြာကြာသုံးနိုင်ဖို့အတွက် အားသိုလှောင်စွမ်းအဖြစ် 4000 mAh ရှိသော ဘက်ထရီကို သုံးပေးထားပါ တယ်။


<Specification>

Network - 2G/3G
Memory - 16 GB
CPU - Quad Core 1.3 GHz
Camera - 13 MP
Screen - 5.5 inches
OS - Android OS, v5.0
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com