1/20/2017

♪ LG က Aristo စမတ်ဖုန်း အသစ်ကို မိတ်ဆက် ♫


LG က အမေရိကန်မှာ တန်ဖိုးနည်း စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ LG Aristo မှာ 1.4GHz Quad-Core Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 1.5GB RAM ပါရှိပါတယ်။ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ တန်ဖိုးနည်းပေမယ့် လက်ဗွေရာ အာရုံခံ ကိရိယာကို ထည့်သွင်းပေးထားပါတယ်။

တန်ဖိုးနည်း စမတ်ဖုန်းများမှာ လက်ဗွေရာ အာရုံခံ ကိရိယာကို ထည့်သွင်းပေးလေ့ မရှိတဲ့အတွက် LG Aristo ဟာ ထူးခြားတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။

LG Aristo ရဲ့ အရှေ့ဘက်မှာ 5 Megapixel Camera နဲ့ အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားပါတယ်။ VoLTE နဲ့ WiFi Calling များကို အထောက်အပံ့ပေးပါတယ်။ 16GB Internal Storage ထည့်သွင်းထားတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။

LG Aristo ကို Android 7.0 Nougat မောင်းနှင်မှာ ဖြစ်ပြီး အမေရိကန် မိုဘိုင်းအော်ပရေတာ တစ်ခု ဖြစ်တဲ့ T-Mobile ကနေ ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ အလွတ်ရောင်းဈေး မှာ ဒေါ်လာ ၁၄၄ ဖြစ်ပြီး ၂၄ လ အရစ်ကျငွေပေးချေမှု ၀န်ဆောင်မှုကိုလည်း ပြုလုပ်ပေးထားပါတယ်။



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com