စမတ်ဖုန်းများဟာ လူတိုင်းအတွက် မရှိမဖြစ်အရေးပါသော အသုံးအဆောင်
ပစ္စည်းများဖြစ်လာကြရာ ဟန်းဆက် ထုတ်လုပ်ရောင်းချသော ဈေးကွက်
ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ နာမည်ကြီးဟန်းဆက် ထုတ်လုပ် ရောင်းချသူများ
ရှိသလို နာမည် အသင့်အတင့်ရှိသော လုပ်ငန်းရှင်များလည်း ရှိပါတယ်။
အချို့သော ဟန်းဆက်များကတော့ စွမ်းရည်မကောင်းခြင်းကြောင့် လူကြိုက် မများကြပါဘူး။ ဟန်းဆက်လိုအပ်ချက်ကြောင့် အော်ပရေတာများကိုယ်တိုင် လည်း ဖုန်းများထုတ်လုပ်ရောင်းချခြင်း ဆောင် ရွက်လာကြပါတယ်။ ဈေးကွက် ထဲတွင် နေရာယူထားသော အမှတ်တံဆိပ်အများစုကတော့ တရုတ်နိုင်ငံမှ ထုတ်ကုန်များဖြစ်ပါ တယ်။ တရုတ်နိုင်ငံမှ ထုတ်ကုန်များထဲတွင် လူတိုင်းမသုံး နိုင်သော အမြင့်စားဟန်းဆက်များလည်း ရှိပါတယ်။ လူတန်းစား မျိုးစုံ အသုံးပြု နိုင်မယ့် ဟန်းဆက်များဟာ ဈေးကွက်ထဲတွင် အရောင်းအ၀ယ် ကောင်းကြပါတယ်။ ထို့ကြောင့် တစ်သိန်းဝန်းကျင် ရှိသော ဟန်းဆက် အများ အပြားဈေးကွက်ထဲတွင်ရှိပါတယ်။
Hello တံဆိပ် စမတ်ဖုန်းများဟာလည်း လူသိများပါတယ်။ Keypad ဖုန်းများကိုလည်း ထုတ်လုပ်ပေးထားပြီး စမတ်ဖုန်းများထဲတွင် အခု Mate R ဖုန်းဟာ သုံးစွဲရအဆင်ပြေစေပါလိမ့်မယ်။ Mate R ရဲ့ ဖုန်းကိုယ်ထည်ဟာ တောက်ပသည့်အရောင်အဆင်းရှိပြီး ထောင့်စွန်းများဟာ လှပသေသပ်သော အနားသတ်များနှင့် အ၀န်း အ၀ိုက်ပုံစံ ရှိပါတယ်။ ကိုင်ဆောင်အသုံးပြုတဲ့အခါတွင် အဆင်ပြေစေမယ့် အရွယ် အစားဖြစ်ပြီး ဖုန်းရဲ့အဓိကကင်မရာကို အနောက်ဘက် ထိပ်ဘက်ထောင့်တွင် အ၀ိုင်းပုံစံထည့်သွင်းပေးထားပါတယ်။ ဘေးဘက်မှာတော့ Flash Light တပ်ဆင်ထားပါတယ်။
ဖုန်းရဲ့ Home Button ဟာ ဆလင်ဒါပုံစံဖြင့်တည်ရှိ ကာ စပီကာဟာ အောက်ဘက်တွင်ပါရှိပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစား ကတော့ 2G, 3G ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ 5 inches ရှိသောကြောင့် သုံးစွဲဖို့ အဆင်ပြေစေမယ့် အနေအထားဖြစ်ပါတယ်။ ဖုန်း မျက်နှာပြင်အရမ်းကြီးသော ဟန်းဆက်များကို အသုံးမပြုချင်သူများ ရွေးချယ် ၀ယ်ယူဖို့ ထည့်သွင်းစဉ်းစားရမယ့် ဖုန်းဖြစ်ပါတယ်။
ဖုန်းရဲ့အထူပမာဏဟာ 7.2mm သာရှိပါတယ်။ ဟန်းဆက်ကိုင်ဆောင်သူ အများစုဟာ ဓာတ်ပုံရိုက်ကူး မှုကို မဖြစ်မနေလုပ်ဆောင်ကြပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာကုမ္ပဏီများ ဟာ ဖုန်းများတွင် ကင်မရာစွမ်းရည်ကောင်းမွန်အောင် ဂရုပြုဆောင်ရွက် ပေးလာကြပါတယ်။ နာမည်ကြီးတံဆိပ်များမှာ သာမက အခြားသောတံဆိပ် များရဲ့ ကင်မရာစွမ်းရည်များဟာလည်း ကောင်းမွန် ကြပါတယ်။ အခု Mate R ဖုန်းတွင် အဓိက ကင်မရာဟာ 13MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 8MP စွမ်းရည်ဖြစ်ပါတယ်။
ထို့ကြောင့် selfie ရိုက်ကူးမှု ၀ါသနာပါသူများ အဆင်ပြေစေပါမယ်။ Mate R တွင် RAM 2GB ပါရှိပါတယ်။ ဖုန်းတွင်း မှတ်ဥာဏ် ပမာဏကတော့ 16GB ပါရှိပါတယ်။ ထိုမှတ်ဥာဏ် ပမာဏဟာ အချက်အလက်များစွာသိမ်းဆည်းချင်သူတွေအတွက် လုံလောက်သော စွမ်းအားကို မထောက်ပံ့ပေးထားနိုင်ပါဘူး။ ထို့ကြောင့် မှတ်ဥာဏ်ပမာဏ ချဲ့ထွင် သုံးစွဲနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ အများဆုံးတိုးချဲ့ သိမ်းဆည်းနိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 32GB ဖြစ်ပါတယ်။
Android OS ကိုအသုံးပြုရမယ့်ဖုန်းဖြစ်ပြီး၊ Version မှာ 5.1 ပါ။ CPU စွမ်းရည် ကတော့ Quad-core 1.3GHz ရှိသောကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် လျင်လျင်မြန်မြန်ဖြင့်သုံးစွဲနိုင်ပါမယ်။ ဖုန်းများရဲ့ ဘက်ထရီဟာ အရေးကြီး သော စွမ်းရည်တစ်မျိုးဖြစ်ပါတယ်။ ဘက် ထရီပမာဏနည်းပါးပါက ဖုန်းကို အသုံးပြုရချိန် ကြာမြင့်မှာမဟုတ် ဘဲ မကြာခဏဖုန်းအားသွင်းခြင်းကို လုပ်ဆောင်နေရပါမယ်။ Hello Mate R ဟာ 2200mAh စွမ်းရည်ရှိသော ဘက်ထရီပါရှိပါတယ်။
ဘက်ထရီသက်တမ်းကြာမြင့်စေရန် ထောက်ပံ့ပေး ထားပြီး လျင်မြန်သောအားသွင်း စနစ်ကိုလည်း ထည့်သွင်းပေးထား ပါတယ်။ ထို့ကြောင့် ဖုန်းကို အသင့်အနေအထားတွင် ၄ ရက်နီးပါးထားရှိသုံးစွဲနိုင် ပါမယ်။ ဖုန်းဝယ်ယူတဲ့အခါတွင် အချို့သော သုံးစွဲသူများဟာ အရောင်ဆန်း သော (သို့) အရောင်လှပသော ဟန်းဆက်များကိုသာ ရွေးချယ်လိုကြပါတယ်။
ထို့ကြောင့် သက်ဆိုင်ရာကုမ္ပဏီများကလည်း သမားရိုးကျအဖြူ၊ အနက် အရောင်ကို သာမက အရောင်ဆန်းများကိုလည်း ထုတ်လုပ်ရောင်းချ ပေးထား ပါတယ်။ အခု Mate R တွင် Gold, Gray, Black, Rose Gold ဆိုပြီး အရောင် ၄ မျိုးရှိသောကြောင့် ရွေးချယ်ဝယ်ယူဖို့ ပိုမိုအဆင်ပြေစေပါတယ်။ ဖုန်းရဲ့တန်ဖိုး ဟာ ၁၀၉,၀၀၀/- ကျပ် ၀န်းကျင်ရှိပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

www.pyaephyo.com