1/22/2017

♪ 5BB ၏ ဝိုင်ဖိုင်အင်တာနက် နေရာသစ်သုံးခုတိုးချဲ့မည် ♫


5BB ၏ Broadband Wifi အင်တာနက်အား နေရာသစ်သုံးခုတွင် မကြာမီ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာများမှာ Friendship Restaurant (လေဆိပ်အနီး)၊ မာကျူရီ လက်ဖက်ရည်ဆိုင် (ကျောက်ကုန်း) နှင့် ခိုင်ခိုင်ကျော်မြန်မာထမင်းဆိုင် (Gandamar Wholesales) တို့ဖြစ်ကြောင်း သိရသည်။ အခမဲ့ အသုံးပြုနိုင်မည့် ကြိုးမဲ့အင်တာနက်စနစ် (Wifi) အား ရန်ကုန်မြို့ရှိ နေရာ ၂၀ တွင် စတင် အသုံးပြုနိုင်ပြီး ယင်းနေရာများသို့ ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာများတွင် Password မလိုဘဲ အသုံးပြုနိုင်မည်ဖြစ်ပြီး 512 MB မှ 1 MB အထိ မြန်နှုန်း အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် အသုံးပြုသူအနည်းအများအပေါ်မူတည်၍ Bandwidth တိုးမြှင့်ပေးနိုင် ရန် ဆောင်ရွက်ထားကြောင်း သိရသည်။



Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com