1/21/2017

♪ “Google က Pixel နဲ့ Pixel XL ဖုန်းများအတွက် ရေစိုခံ Case ကိုရောင်းချ” ♫

Image may contain: phone

Google ရဲ့ Pixel နဲ့ Pixel XL စမတ်ဖုန်းများဟာစွမ်းဆောင်ရည်မြင့် စမတ်ဖုန်း များ ဖြစ်ကြပေမယ့် အခြားစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများနဲ့ နှိုင်းယှဉ်ရင် အားနည်းချက် တစ်ခုရှိပါတယ်။ အခြားစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများဟာ IP67 or IP68 စံနှုန်းရှိတဲ့ အတွက် ရေနဲ့ ဖုန်မှုန့်များရဲ့ ဒဏ်ကိုခံနိုင်ပါတယ်။ Pixel ဖုန်းများမှာတော့ IP53 စံနှုန်းသာရှိတဲ့အတွက် မိုးရေထဲမှာဖုန်းပြောလို့ မရပါဘူး။ ရေစက်ရေပေါက်များထိရင်တောင် ပျက်စီးသွားနိုင်ပါတယ်။

Google က အဲဒီ ပြဿနာကိုဖြေရှင်းဖို့အတွက် LifeProof ရေစိုခံ Case ကိုဖန်တီးပေးလိုက်ပါတယ်။ ဒေါ်လာ ၉၀ တန်ကြေးရှိပြီးGoogle ရဲ့ အွန်လိုင်း စတိုးကနေရောင်းချပေးနေပါပြီ။ LifeProof Case ဟာ IP68 စံနှုန်းရှိတဲ့ အတွက် ရေအပြင် ဖုန်မ၀င်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် MIL-STD 810G စံနှုန်းရှိတဲ့အတွက် အမြင့် ၂ မီတာကနေအောက်ကိုဖုန်း ပြုတ်ကျရင်လည်းပျက်စီးမှု မရှိပါဘူး။


စမတ်ဖုန်း Cases များဟာစမတ်ဖုန်းကို ကြီးမားထူထဲသွားစေတဲ့အတွက် မူလလောက် လှပခြင်းမရှိဘူးလို့ လူအချို့က ထင်မြင်ကြပါတယ်။ ဒါပေမယ့် Pixels ဖုန်းများကိုကာကွယ်ထားချင်ရင်တော့ LifeProof Case ကိုသတိရလိုက်ပါ။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com