1/21/2017

♪ “Huawei က P8 Lite (2017) ကိုကြေညာ” ♫

Image may contain: phone

Huawei က P8 Lite (2017) ကိုမိတ်ဆက်လိုက်ပါတယ်။ မကြာခင်မှာ ဥရောပနိုင်ငံများမှာရောင်းချ ပေး မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အကြာ ကရောင်းချခဲ့တဲ့ P8 Lite ကို ၂၀၁၇ ခုနှစ် မော်ဒယ်အဖြစ် အဆင့်မြှင့် ရောင်းချ တာကထူးဆန်းပါတယ်။

P8 Lite (2017) မှာ ၅.၂ လက်မ IPS Full HD Display ကို တောက်ပြောင် တဲ့ ကိုယ်ထည်ထဲမှာတပ်ဆင်ထားတာက လှပ ပါတယ်။ ဒီဇိုင်းအပိုင်းမှာတော့ P8, P9 Series များနဲ့ မတူဘဲ Honor Handset အချို့နဲ့ ဆင်တူပါတယ်။ Huawei ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်သင့် Kirin 655 Chip မောင်းနှင်မှာ ဖြစ်ပြီးOcta-Core အမျိုးအစား ဖြစ်ပါတယ်။

3GB RAM, 16GB Internal Storage တပ်ဆင်ထား တဲ့အပြင် SD Card ဖြင့် Storage ကိုတိုးမြှင့်နိုင်ပါတယ်။ အနောက်ဘက်မှာ 12 Megapixel Camera နဲ့ အရှေ့ ဘက်မှာ 8 Megapixel Camera ပါပါတယ်။ ဘက်ထရီကတော့ P9 Lite နဲ့ တူညီပြီး 3000mAh Battery ဖြစ်ပါ တယ်။ Android 7.0 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။ ဇန်န၀ါရီလကုန်မှာ ယူရို ၂၃၉ ဖြင့် ဥရောပနိုင်ငံ များမှာ ရောင်းချပေးမှာဖြစ်ပါတယ်။

Huawei P9 Lite (2017) လိုပဲ Huawei P8 (Lite) ကိုလည်းလက်တင်အမေရိက မှာလည်း ရောင်းချမယ်လို့ သတင်း များထွက်ပေါ်နေပါတယ်။ Huawei က P10 Lite ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ မိတ်ဆက်ဖို့လည်းရှိနေပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com