1/20/2017

♪ “MacOS Beta မှာဘက်ထရီသက်သာစေမယ့် စွမ်းဆောင်ချက် ပါလာ” ♫


Screen Brightness ဟာအီလက်ထရောနစ် ကိရိယာများရဲ့ ဘက်ထရီ အစားဆုံးအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ အလုပ်များနေတဲ့ အချိန်မှာ Screen Brightness ကိုလျှော့ချဖို့ မေ့လျော့နေတတ်ကြပါတယ်။ အဲဒီအတွက် Apple က macOS Beta မှာ Screen Brightness ကိုချိန်ညှိဖို့ သတိပေးတဲ့ စွမ်းဆောင်ချက် အသစ်တစ်ခုကိုထည့်သွင်းပေးလိုက်ပါတယ်။

MacRumors ကသင်သတ်မှတ်ထားတဲ့ ဘက်ထရီပမာဏဟာ ၇၅ ရာခိုင်နှုန်း ဆိုရင် အဲဒီအောက်ရောက်တာနဲ့ Menu Bar ရဲ့ ဘက်ထရီအိုင်ကွန်မှာ Drop-Down Menu ဖြင့် ဘက်ထရီအလွန် အသုံးပြုနေတယ်ဆိုတဲ့ သတိပေးစာကို ပြသပေးတယ်လို့ ပြောပါတယ်။ ယခင်ကတော့ ဘက်ထရီအသုံးများတဲ့ Apps များကိုသာ ပြသပေးတာ ဖြစ်ပြီးအခုတော့ Screen Brightness ကိုပါ ရာခိုင်နှုန်းဖြင့် ပြသပေးထားပါတယ်။

သတိပေးစာကို နှိပ်လိုက်ရင် Screen Brightness ကိုသင့်တော်တဲ့ အနေ အထားသို့ အလိုအလျောက် လျှော့ချပေးမှာ ဖြစ်ပါတယ်။ အလိုအလျောက် လျှော့ချပေးတဲ့ Screen Brightness ရာခိုင်နှုန်းကိုတော့ Apple က သတ်မှတ် ထားတာ ဖြစ်ပါတယ်။ Apple က ဒီစွမ်းဆောင်ချက် ထည့်ပေးလိုက်တဲ့အတွက် MacBook Pro Models များရဲ့ ဘက်ထရီသက်တမ်းဟာ ၁၀ နာရီအထိ အသုံးခံလာတယ်လို့ ပြောပါတယ်။

ဒီစွမ်းဆောင်ချက်ဟာမပြောပလောက်ပေမယ့် ဘက်ထရီသက်တမ်း တိုးတက် စေတဲ့အတွက် အသုံးဝင်ပါတယ်။ macOS Sierra Beta Version မှာသာ အဲဒီစွမ်းဆောင်ချက်ကိုအသုံးပြုနိုင်ပါသေးတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com