1/22/2017

♪ ပထမဆုံး flash sale မှာ တစ်မိနစ်အတွင်း ရောင်းကုန်ခဲ့တဲ့ Nokia 6 ♫


လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းက ပွဲထုတ်မိတ်ဆက်ခဲ့တဲ့ Nokia 6 ကို ကြိုတင်ကြေညာ ထားတဲ့အတိုင်း ဇန်နဝါရီ ၁၉ ရက်မှာ ရောင်းချခဲ့ရာ တစ်မိနစ်အတွင်း ရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။

ရောင်းချခဲ့ရတဲ့ အရေအတွက်ကို မသိရပေမယ့် ပထမဆုံး flash sale အတွက် မှတ်ပုံတင်သူ ၁ သန်း ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Nokia 6 မှာ Snapdragon 430 chipset နဲ့ octa-core CPU ကို အသုံးပြုထားပါတယ်။ Display က ၅.၅ လက်မ 1080p ဖြစ်ပြီး 4GB/64GB နဲ့ ရရှိနိုင်ပါတယ်။ ကျောဘက်ကင်မရာက 16MP ဖြစ်ပြီးတော့ selfie ကင်မရာက 8MP ဖြစ်ပါတယ်။

ဘက်ထရီက 3,000mAh ဖြစ်ပြီး Android 7.0 Nougat နဲ့ သုံးနိုင်ပါတယ်။ တန်ဖိုးက ၂၄၅ ဒေါ်လာပါ။ လက်ရှိမှာတော့ ဒီစမတ်ဖုန်းကို တရုတ်နိုင်ငံမှာပဲ ရောင်းချနေပါတယ်။



Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com