1/20/2017

♪ “Xiaomi Mi 6 ကိုမော်ဒယ် ၃ မျိုးထုတ်လုပ်မည်” ♫

Image may contain: phone

ရှောင်မီရဲ့ အလွန်လှပပြီးစွမ်းဆောင်ရည်မြင့်မားတဲ့ Mi 5 ထွက်ရှိခဲ့တာ ၁ နှစ် ကြာပြီ ဖြစ်ပါတယ်။ အဲဒီအတွက် Mi 6 ထွက်ရှိုဖို့ နီးကပ်လာပြီ ဖြစ်ပြီးMi 6 ရဲ့ သတင်းအချက်အလက်များဟာလည်းပေါက်ကြား ထွက်ပေါ်နေပါတယ်။

ရှောင်မီကMi 6 ကိုတော့ မော်ဒယ် ၃ မျိုးထုတ်လုပ်ပေးမယ်လို့ တရုတ်လူမှု ကွန်ရက် Weiboအသုံးပြုသူ တစ်ယောက်ကရေးသားထားပါတယ်။ ပထမ မော်ဒယ်မှာHelio X30 Chipset မောင်းနှင်မှာ ဖြစ်ပြီး တရုတ်ယွမ် ၁၉၉၉ ( ဒေါ်လာ ၂၉၀ ၀န်းကျင် ) သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ ဒုတိယမော်ဒယ်မှာ Qualcomm Snapdragon 835 Chipset ထည့်သွင်းထားမှာ ဖြစ်ပြီး တရုတ်ယွမ် ၂၄၉၉ ( ဒေါ်လာ ၃၆၀ ၀န်းကျင် ) ကျသင့်မှာ ဖြစ်ပါတယ်။

တတိယမော်ဒယ်မှာလည်း Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 835 Chipset ပဲထည့်သွင်းထားမှာ ဖြစ်ပေမယ့် Samsung Galaxy S7 Edge လို Dual-Edge Curved Display တပ်ဆင်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမော်ဒယ်ကိုတရုတ်ယွမ် ၂၉၉၉ ( ဒေါ်လာ ၄၃၄ ၀န်းကျင် ) ဖြင့် ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ ရှောင်မီကMi 6 ကိုလာမယ့်လမှာဘာစီလိုနာတွင် ကျင်းပမယ့် Mobile World Congress မှာမိတ်ဆက်မှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com