1/17/2017

♪ “Huawei P8 Lite” ♫

Image may contain: phone

P8 Lite ဟာ ၂၀၁၅ ခုနှစ်၊ မေလကထုတ်လုပ် ရောင်းချထားတာဖြစ်ပြီး ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 143×70.6×7.7 mm ရှိကာ အလေးချိန် သည် 131g ဖြစ်ပါတယ်။ P8 Lite ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 5 inch ရှိပါတယ်။ P8 Lite တွင် 720×1280 Pixels ပမာဏ ပါရှိပြီး ၁ လက်မမှာ ရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ။

P8 Lite အသုံးပြု နိုင်မယ့် Multi Touch စနစ်ကတော့ Emotion 3.1 UI ဖြစ်ပါတယ်။ သုံးစွဲနိုင် မယ့် OS အမျိုးအစားမှာ Android ဖြစ်ပြီး Version မှာ 5.0.2 ဖြစ်ပါတယ်။ ပါရှိသော CPU ရဲ့စွမ်းရည်ကတော့ Octa-core 1.2 GHz ဖြစ်ခြင်းကြောင့် လျင်မြန်သော တုံ့ပြန် မှုများကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပါရှိသော Chipset အမျိုးအစားမှာ HiSilicon Kirin 620 ဖြစ်ပါတယ်။ GPU ကိုတော့ Mali- 450MP4 အမျိုးအစားကို ထည့်သွင်းပေးထားပါတယ်။

ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး အဓိက,ကင်မရာကတော့ 13MP ဖြစ်ပါတယ်။ f/ 2.0 ပါရှိပါတယ်။ ရှေ့ကင်မရာငယ်သည် 5MP စွမ်းရည်ရှိပြီး 720 P စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးနိုင် ပါတယ်။ အဓိကကင်မရာဖြင့် ဗီဒီယို ရိုက်ကူးမယ်ဆိုရင် 1080p စွမ်းရည်ဖြင့် ရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်း ရရှိပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်း၌ RAM ကို 2GB ထည့်သွင်း ပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထား ပါတယ်။


အချက်အလက်အများအပြား သိမ်းဆည်းနိုင်အောင်လည်း Card Slot စနစ်ထည့်သွင်းပေးထားပြီး 128GB အထိချဲ့ထွင် အသုံးပြုနိုင်ပါတယ်။ Active Noise Cancellation with Dedicated Mic စနစ်ကိုလည်း ထည့်သွင်းပေးထား ပါသေးတယ်။ Bluetooth Version မှာ 4.0 ဖြစ်ပါတယ်။ အားသွင်းအသုံးပြု နိုင်မယ့် ဘက်ထရီအမျိုးအစားမှာ Li-Ion 2200 mAh ဖြစ်ပါတယ်။ 3G Network တွင် အသင့်အနေအထား၌ ၃၈၀ နာရီနီးပါးနှင့် စကားပြောဆိုဖို့ ၁၁ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ အရောင် ၃ ရောင်ဖြင့် P8 Lite ကို ထုတ်လုပ် ပေးထားပါတယ်။



<Specification>

Network - GSM/HSPA/LTE
Memory - 16GB
CPU - Octa Core 1.2GHz
Camera - 13MP
Screen - 5 inches
OS - Android OS, v5.0.2
Contact - 09-73211112

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com