1/22/2017

♪ ဈေးနှုန်း - 699,000 - Sony Xperia X Performance ရဲ့ အားသာချက် အားနည်းချက် သုံးသပ်ချက်နှင့် အသေးစိတ်ဖော်ပြချက်များ ♫


ဈေးနှုန်း - 699,000
အားသာချက်
ကင်မရာပိုင်းမှာ ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ထည့်သွင်းတပ်ဆင် ပေးထားတဲ့ ကင်မရာတွေဟာ Megapixels မြင့်မား တဲ့ ကင်မရာတွေဖြစ်တဲ့အပြင် ဓာတ်ပုံအသုံးပြု စနစ်တွေလည်း အများအပြား ပါဝင်တဲ့အတွက် ဓာတ်ပုံဝါသနာရှင်တွေ အတွက်တော့ စိတ်ကျေနပ်စရာဖြစ်မဲ့ ဖုန်းပါပဲ။ မှတ်ဉာဏ်ပိုင်း၊ ဂရပ်ဖစ် GPU ပိုင်းနဲ့ Screen Resolution ပိုင်းတွေမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ ရေစိုခံ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ရေအောက် ၁.၅ မီတာအနက်မှာ မိနစ် ၃၀ ခန့်နေ နိုင်တယ်လို့ ဆိုပါတယ်။
အားနည်းချက်
ပြည်တွင်းမှာ အသုံးပြုနေတဲ့ မြန်မာစာစနစ်တွေဟာ ဖုန်းမှာတစ်ပါ တည်းမပါဝင်တဲ့အတွက် မြန်မာစာ သုံးမယ်ဆိုရင်တော့ ပြန်ထည့်ပြီး အသုံးပြုရပါလိမ့်မယ်။
ဒီဇိုင်း
ဖုန်းရဲ့ ဖွဲ့စည်းတည်ဆောက် ပုံကတော့ အနားထောင့်တွေဟာ အနည်းငယ် ဝန်းဝိုင်းတဲ့ ပုံစံမျိုးနဲ့ ရှိနေပါတယ်။ ကိုယ်ထည်ကို တည်ဆောက် ထားတာကတော့ သတ္တုနဲ့ ပလတ်စတစ်ကို ရောစပ်ထားတဲ့ ပုံစံမျိုးရှိနေပြီး ကိုင်တွယ် အသုံးပြုတဲ့ အချိန်မှာလည်း လက်နဲ့အံဝင်ခွင်ကျ ရှိပါတယ်။ Fingerprint ကိုတော့ ဖုန်းရဲ့ညာဘက် ဘေးဘောင်ပေါ်မှာ ပါဝါခလုတ်နဲ့ အတူတွဲပြီး တပ်ဆင်ပေးထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၃၇ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၀၄ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၇ စင်တီမီတာ ရှိပါတယ်။ အလေးချိန်ကတော့ ၁၆၄.၄ ဂရမ်ပါ။ အတိုင်းအထွာ ကိန်းဂဏန်း သတ်မှတ်ချက်အရ ထုထည်က များတယ်လို့ ထင်ရပေမယ့် ကိုင်ရတာ အဆင်ပြေပြီး အလေးချိန်ကလည်း သိပ်မများပါဘူး။
မြင်ကွင်း
၅.၂ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး Resolution ကတော့ 1080 x 1920 pixels (~441 ppi pixel density) ထိရရှိနိုင်မှာပါ။
နည်းပညာ
ကင်မရာမှာတော့ RGBC Sensor နှင့် Hybrid Laser Focus စုံလင်တဲ့ ဓာတ်ပုံ Effect တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပေးထားပြီး Manual စနစ်၊ AR effect , Creative Effect, Sound Photo, 4K Video, Style Portrait, Timeshift Video အစရှိတဲ့စနစ်တွေပါဝင်ပါတယ်။ Selfie စနစ်မှာလည်း ဗီဒီယိုစနစ်၊ Manual ကင်မရာစနစ်၊ AR Effect, Sound Photo အစရှိတဲ့ ကင်မရာ အသုံးပြုနည်း ပညာတွေစုံစုံလင်လင် ပါဝင်ပါတယ်။ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ် ပါဝင်မှာဖြစ်ပြီး စိတ်ကြိုက် ထိန်းချုပ်အသုံးပြု နိုင်ပါလိမ့်မယ်။ ဖုန်းထဲမှာ အကောင့်တွေ ခွဲခြားအသုံးပြုနိုင်တဲ့ User ဆိုတဲ့ စနစ်ကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာပါ။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ Xperia X Performance ဟာ ကင်မရာပိုင်းမှာ ကောင်းမွန်တဲ့အပြင် ဖုန်းမှတ်ဉာဏ်ပိုင်းနဲ့ ဖုန်းကို ကိုင်တွယ်အသုံးပြုခြင်းအပိုင်း၊ ဂရပ်ဖစ် GPU ပိုင်းတွေမှာ ကောင်းမွန်  ပါတယ်။ Fingerprint ဟာဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် ညာသန်သမားတွေအတွက် အလိုက်သင့်ဖြစ်နေပေမယ့် ဖုန်းကိုဘယ်နဲ့ ကိုင်တဲ့သူတွေအတွက်တော့ Fingerprint က အလိုက်သင့် မဖြစ်ဘူးလို့ ခံစားရပါတယ်။ မြန်မာစာ အတွက်လည်း ဖုန်းမှာတစ်ပါတည်း မပါတဲ့အတွက် ပြန်ထည့်ပြီး အသုံးပြုရပါလိမ့်မယ်။ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီကလည်း သိုလှောင်မှုပမာဏ နည်းတယ်လို့ ခံစားရပါတယ်။
Network      GSM - 2G/ 3G/ 4G
SIM              Dual SIM (Nano Sim Dual Standby)
OS               Android OS, v6.0.1, Up To 7.0
CPU             Quad-core (2x2.15 GHz Kryo & 2x1.6 GHz Kryo)
GPU             Adreno 530
Memory      Internal 32GB, 3GB RAM , Micro SD 256GB
Camera       23 MP, f/2.0, 24mm, phase detection autofocus, LED flash, 1/2.3" sensor size, geotagging, touch focus, face detection, HDR,
                    panorama, Video, Front 13 MP, f/2.0, 22mm, 1/3" sensor size, 1080p, HDR
Wi-Fi           802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, hotspot
Bluetooth   v4.2, A2DP, aptX, LE
Battery       Li-Ion 2700 Battery


သူတို့အမြင်
ကိုထွန်းမြင့်သန်း (စမ်းသပ်အသုံးပြုသူ)
ကြိုက်တယ်လို့ပဲ ပြောရမယ်။ ကင်မရာက တော်တော်လေး ကောင်းတယ်။ Megapixels တွေက ကြားလိုက်ရတာနဲ့တင် အရမ်းစိတ်ဝင်စားစရာ ကောင်းနေတယ်။ Memory ပိုင်းမှာဆိုရင်လည်း ကောင်းပါတယ်။ Sony ကိုအဓိက ကြိုက်တဲ့အချက် တစ်ခုကတော့ ရေစိုခံပိုင်းလို့ပဲ ပြောရမယ်။ ရေစိုခံဖုန်းတွေ ထဲမှာတော့ ကျွန်တော်က Sony ကို အကြိုက်ဆုံးပဲ။ ပြီးတော့ ဒီဖုန်းမှာ အရွယ်အစားနဲ့ ဒီဇိုင်းကိုလည်း သဘောကျပါတယ်။ Fingerprint ကိုဘေးဘောင်မှာ တပ်ထားတာက ဒီဇိုင်းအသစ်ပုံစံမျိုး သူများတွေနဲ့ မတူအောင် လုပ်ထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်း အသုံးပြုတဲ့ အချိန်မှာတော့ အဲဒါက ကျွန်တော့်အတွက် သိပ်အဆင်မပြေသလို ခံစားရတယ်။ ပါဝါခလုတ်နဲ့ တွဲထားတဲ့အတွက်လည်း ဒါကိုသိပ်သဘော မကျဘူး။
ကိုခင်မောင်မြင့် (စမ်းသပ်အသုံးပြုသူ)
ဒီဖုန်းအတွက် အမြင်ဆိုရင်တော့ ရေစိုခံနိုင်မှုအပိုင်းမှာ ဆိုရင်လည်း IP 68 ဖြစ်တဲ့အတွက် ဒါကတကယ်ရေစိုခံနိုင်မှု အပိုင်းမှာ ကောင်းမွန်တဲ့ အချက်တစ်ခုလို့ ဆိုရမှာပါပဲ။ နောက်တစ်ချက်ကတော့ ကင်မရာက တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရတယ်။ ကင်မရာအသုံးပြု စနစ်တွေက တော်တော်စုံစုံလေး ပါတဲ့အပြင် ကင်မရာစွမ်းဆောင်ရည် ပိုင်းမှာလည်း ဓာတ်ပုံတွေအတွက် ကောင်းတဲ့ အရည်အသွေးတွေ ရတာကို တွေ့ရတယ်။ Message နဲ့ Facebook တို့လို Social စနစ်တွေအတွက် မြန်မာစာမပါလာတဲ့ အချက်ကတော့ အားနည်းတယ်လို့ ဆိုရမှာပဲ။ ပြီးတော့ မြန်မာစာကလည်း ဒီမှာပြန်ထည့်ပြီး သုံးမယ်ဆိုရင်လည်း Sony က တစ်ခါတလေမှာ ချက်ချင်း မရနိုင်သေးတာ မျိုးလေးတွေလည်း ရှိတတ်တယ်။
ကိုအောင်သူ (စမ်းသပ်အသုံးပြုသူ)
ကျွန်တော့်ဘက်က User တစ်ယောက်အမြင်နဲ့ ဆိုရင်တော့ အဓိက မြန်မာစာမရတဲ့ အပိုင်းနဲ့ ဈေးနှုန်းအပိုင်းကိုပဲ အဓိကပြောချင်ပါတယ်။ မြန်မာစာက တစ်ခါတည်း မပါလာပဲ ပြန်ထည့်သုံးရမှာ ဖြစ်တဲ့အတွက် User က သိပ်မအဆင် မပြေတတ်ဘူး။ မြန်မာစာ တစ်ခါတည်းပါတဲ့ ဖုန်းတွေကိုပဲ User တွေက ပိုလိုချင်ကြတယ်။ သုံးတဲ့သူတွေက ဖုန်းကို စသုံးတာနဲ့ အဆင်ပြေပြေပဲ သုံးချင်ကြတာလေ။ ပြန်ထည့်ရမယ် အချိန်စောင့် ရမယ်ဆိုရင် စဉ်းစားသွားတယ်။ ဈေးနှုန်းကလည်း User အတွက် နည်းနည်းစဉ်းစားစရာ ဖြစ်နိုင်တယ်။ အခြားကျန်တဲ့ ကင်မရာစနစ်တွေ၊ Screen တွေ၊ ဖုန်းရဲ့ တည်ဆောက်ပုံ၊ ရေစိုခံခြင်းအစရှိတဲ့ စွမ်းဆောင်ရည်ေ တွေကတော့ ကောင်းပါတယ်။
ဖုန်းထဲမှာ အကောင့်တွေ ခွဲခြားပြီး အသုံးပြုနိုင်မယ့် User ဆိုတဲ့ စနစ်ကိုလည်း ဒီဖုန်းမှာ အသုံးပြုနိုင်ပါတယ်။
  
Display စနစ်ထဲမှာတော့ ဖုန်း Screen ရဲ့အရောင်ကို ကိုယ့်စိတ်ကြိုက် အရောင်တွေအဖြစ် ပြောင်းလဲချိန်ညှိ အသုံးပြုနိုင်တဲ့ White balance ဆိုတဲ့ စနစ်ပါဝင်ပါတယ်။ ဒါ့အပြင် Duble Tap စနစ်နဲ့ Screen ဖွင့်နိုင်မယ့် စနစ်လည်း ပါဝင်ပါတယ်။
  
  
ဒီဖုန်းမှာ ပါဝင်တဲ့ ကင်မရာတွေဟာ Megapixels မြင့်မားတဲ့ ကင်မရာ ဖြစ်တဲ့အပြင် ကင်မရာနဲ့အတူ တွဲဖက်အသုံးပြုနိုင်မယ့် စနစ်တွေကလည်း အများအပြား ပါဝင်တာတွေ့ရမှာပါ။ ကင်မရာ အသုံးပြု စနစ်တွေ ၂၀ ကျော်ပါဝင်ပြီး အဲဒီစနစ်တွေထဲမှာတော့ အွန်လိုင်းအသုံးပြုပြီး Download ပြုလုပ်ရမယ့် စနစ်နဲ့ အင်တာနက်မလိုပဲ တိုက်ရိုက် Install ပြုလုပ်ပြီး အသုံးပြုရမယ့် စနစ်တွေကို ခွဲခြားပေးထားတာ တွေ့ရမှာပါ။
  
  
    
Xperia Care ဆိုတဲ့ စနစ်ကလည်း Sony ရဲ့ ဝန်ဆောင်မှု App စနစ်တစ်ခုပါပဲ။
  
  





Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com