Android Wear စမတ်နာရီများဒီနှစ်ထဲမှာမိတ်ဆက်ဖို့များစွာရှိနေပါတယ်။ Huawei ကလည်းလာမယ့် လမှာဘာစီလိုနာတွ င်
ကျင်းပမယ့် Mobile World Congress (MWC) မှာHuawei Watch 2
ကိုမိတ်ဆက်မယ်လို့ သတင်းထွက် နေပါတယ်။ ဆယ်လ်လူလာဒေတာ ပါတဲ့
မော်ဒယ်တစ်မျိုးကို လည်းထုတ် လုပ် ပေးနိုင်ပါတယ်။ ဆယ်လ်လူလာဒေတာပါတဲ့အတွက် ဖုန်းမှ အင်တာနက် ဆက်သွယ်မှုကို အသုံးပြုဖို့ မလိုတော့ပါဘူး။
Huawei Watch 2 ကနေဖုန်းပြောနိုင်မှာလည်း ဖြစ်ပါတယ်။ Huawei Watch 2 ရဲ့ အခြားသတင်း အချက်အလက်များကို တော့ မသိရသေးပါဘူး။ Huawei က သူ့ရဲ့ စမတ်နာရီအသစ်မှာအထူကိုလျှော့ ချ ထားမလားဆိုတာ
စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ပထမမျိုးဆက် Huawei Watch မှာလိုအကြမ်းနဲ့
ခြစ်ရာ များခံနိုင်အောင် Sapphire ဖြင့် မျက်နှာပြင်ကိုကာကွယ်ထားနို င်ပါတယ်။
Google ကလည်း ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ Android Wear 2.0 ကို ဖြန့်ချိ ပေးတော့မှာ ဖြစ်ပါတယ်။ MWC မှာပဲ LG ရဲ့ စမတ်နာရီအသစ် ၂ လုံးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Huawei Watch 2 ကနေဖုန်းပြောနိုင်မှာလည်း ဖြစ်ပါတယ်။ Huawei Watch 2 ရဲ့ အခြားသတင်း အချက်အလက်များကို
Google ကလည်း ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ Android Wear 2.0 ကို ဖြန့်ချိ ပေးတော့မှာ ဖြစ်ပါတယ်။ MWC မှာပဲ LG ရဲ့ စမတ်နာရီအသစ် ၂ လုံးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com