
Samsung
 က Galaxy S8 မှာစွမ်းရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေး လက်ထောက် 
ကိုထည့်သွင်းပေးမယ်လို့ သတင်းထွက်နေပါတယ်။ သူ့ရဲ့ ဒစ်ဂျစ်တယ် 
ကိုယ်ရေးလက်ထောက်ကို Bixby လို့ အမည်ပေး ထားပါတယ်။ Bixby က 
ဖုန်းကင်မရာကနေချိန်ရွယ်ထား တဲ့ အရာများကိုတောင် ရှာဖွေ ပေးနိုင်ပါတယ်။ Bixby ကိုဆင့်ခေါ်ဖို့အတွက်လည်းဖုန်းမှာသီးခြားခလုတ် တစ်ခုတပ်ဆင်ပေးထားတယ်လို့ Sam Mobile က ပြောပါတယ်။ 
 
Bixby မှာထူးခြားတဲ့ ဓါတ်ပုံခွဲခြမ်းစိတ်ဖြာတဲ့ စွမ်းရည်များလည်းပါရှိပါတယ် ။ ကုန်ပစ္စည်းတစ်ခုကို ကင်မရာ ကေ နချိန်ရွယ်လိုက်ရင်
 သူ့ကိုရောင်းတဲ့ အွန်လိုင်းအရောင်းဆိုင်ရဲ့ web စာမျက်နှာကိုဖွင့်ပေးမှာ 
ဖြစ် ပါတယ်။ ဒါ့အပြင် Samsung Pay မိုဘိုင်းငွေပေးချေမှု စနစ်ကိုလည်း Bixby 
ကနေအသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ 
 
Optical Character Recognition (OCR) စွမ်းရည်လည်း Bixby မှာပါရှိပြီး ဒစ်ဂျစ်တယ် စကင်နာအဖြစ် သုံးနိုင်မှာပါ။ စာသားများကိုကင်မရာနဲ့ ချိန်ရွယ် လိုက်တာနဲ့ ဒစ်ဂျစ်တယ် ဖော်မက် အဖြစ် ပြောင်းပေး မှာ ဖြစ်ပါတယ်။ Samsung က Siri ကိုဖန်တီးခဲ့တဲ့ Viv AI Company ကို ၀ယ်ယူခဲ့ပြီး Bixby ကိုဖန်တီးခဲ့တာ ဖြစ်ပါတယ်။
 
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
 
Bixby မှာထူးခြားတဲ့ ဓါတ်ပုံခွဲခြမ်းစိတ်ဖြာတဲ့ စွမ်းရည်များလည်းပါရှိပါတယ်
Optical Character Recognition (OCR) စွမ်းရည်လည်း Bixby မှာပါရှိပြီး ဒစ်ဂျစ်တယ် စကင်နာအဖြစ် သုံးနိုင်မှာပါ။ စာသားများကိုကင်မရာနဲ့ ချိန်ရွယ် လိုက်တာနဲ့ ဒစ်ဂျစ်တယ် ဖော်မက် အဖြစ် ပြောင်းပေး မှာ ဖြစ်ပါတယ်။ Samsung က Siri ကိုဖန်တီးခဲ့တဲ့ Viv AI Company ကို ၀ယ်ယူခဲ့ပြီး Bixby ကိုဖန်တီးခဲ့တာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com