1/21/2017

♪ ရှောင်မီက Snapdragon 625 ထည့်သွင်းထားတဲ့ Redmi Note 4 ကို မိတ်ဆက် ♫


ရှောင်မီက အိန္ဒိယမှာ Redmi Note 4 ကို မိတ်ဆက်လိုက်ပါတယ်။ 2GB RAM/32GB Storage ကို ၁၄၆ ဒေါ်လာ ၊ 3GB RAM/32GB Storage ကို ၁၆၁ ဒေါ်လာနဲ့ 4GB RAM/64GB Storage ကို ၁၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi Note 4 မှာ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပါတယ်။ ၅.၅ လက်မ Full HD Display ပါရှိပါတယ်။ Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပြီး Redmi Note 3 မှာ သုံးထားတဲ့ Snapdragon 650 Chipset ထက် စွမ်းဆောင်ရည်အပိုင်းမှာတော့ အားနည်းပါတယ်။ ရှောင်မီကတော့ Redmi Note 3 ထက် Note 4 ဟာ ဘက်ထရီ သက်တမ်း ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းမွန်တယ်လို့ ပြောပါတယ်။

Redmi Note 4 မှာ 4100mAh Battery တပ်ဆင်ထားပါတယ်။ တရုတ်မှာ ရောင်းချခဲ့တဲ့ Redmi Note 4 မှာတော့ Mediatek Helio X20 Chipset ထည့်သွင်းထားတာ ဖြစ်ပါတယ်။ မော်ဒယ်အသစ်မှာ 13MP Rear Camera နဲ့ 5MP Front Camera တပ်ဆင်ထားပါတယ်။ Dual SIM နဲ့ VoLTE ကို ထောက်ပံ့ပါတယ်။ Android Marshmallow အခြေပြု MIUI 8 ထည့်သွင်းထားပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com