1/19/2017

♪ ၁၅ စက္ကန့်အတွင်း Windows တက်မယ့် be Easy Book Notebook ♫


be Easy Book မှာ မြင့်မားတဲ့ (Atom Quard Core CPU) IntelR 3735F Processor အသုံးပြုပေးထားပါတယ်။ Memory 2GB , Storage 32GB ပါရှိပြီး External ထပ်သုံးမယ်ဆိုရင်တော့ 3TB အထိ တွဲဖက် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစားကတော့ ၁၀.၁ လက်မရှိတယ်။ Battery 4000mAH အသုံးပြုထားတာကြောင့် Multimedia တွေအသုံးပြုရင် ၅ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပြီး တခြား Application တွေအသုံးပြုရင် ၇ နာရီကြာ အသုံးပြုနိုင်မှာဖြစ်တယ်။ အားသွင်းချိန်ကတော့ ၂ နာရီကနေ ၃ နာရီအထိ အားသွင်းရုံနဲ့ ပြည့်စေမှာဖြစ်ပါတယ်။ Webcam 0.3MP ပါဝင်ပြီး ကင်မရာရိုက်ရင် လိုအပ်တဲ့ အလင်းအမှောင်ချိန်ဖို့အတွက်လည်း ပြုလုပ်ပေးထားပါတယ်။ ဂရပ်ဖစ်အနေနဲ့ On Board Intel HD Graphic system အသုံးပြုထားတဲ့အတွက် Memory Sharing ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Windows 10 License ပါဝင်ပြီး Notebook ဖွင့်မယ်ဆိုရင်လည်း ၁၅ စက္ကန့်အတွင်း Windows တက်လာဖို့အတွက် မြန်ဆန်တဲ့စနစ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ be Easy Book ကို Warranty တစ်နှစ်ပေးထားပြီး တန်ဖိုး ကန်ဒေါ်လာ ၁၁၉ နဲ့ ဖုန်း-၀၁ ၃၈၁၀၃၅ ၊ ၃၈၅၈၇၇ လိုင်းခွဲ ၁၄၂ သို့ မေးမြန်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။



Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com