1/19/2017

♪ Android One ဖုန်းတွေကို အမေရိကန်မှာ ရောင်းချဖို့ ပြင်ဆင်နေတဲ့ Google ♫


Google ဟာ ဒေါ်လာ ၂၀၀ ကနေ ၃၀၀ အတွင်း ကျသင့်မယ့် Android One ဖုန်းတွေကို အခုနှစ်ကုန်ပိုင်းကစပြီး အမေရိကန်မှာ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ The Information က ဖော်ပြခဲ့ပါတယ်။
အမေရိကန်မှာ ရောင်းချမယ့် ပထမဆုံး Android One ဖုန်းကို ဒီနှစ်လယ်ပိုင်းမှာ တွေ့မြင်ရဖို့ရှိပါတယ်။ အဲ့ဒီဖုန်းကို LG နဲ့ လက်တွဲဆောင်ရွက်မယ်လို့ ပြောဆိုနေကြပေမယ့် The Information က အတိအကျ မဖော်ပြခဲ့ပါဘူး။

Android One program ကို Google က ၂၀၁၄ ဇွန်လမှာ ပထမဆုံးကြေညာခဲ့ပါတယ်။ Program ရဲ့ ပထမဆုံးထုတ်ကုန်တွေကိုတော့ ၂၀၁၄ စက်တင်ဘာလကစပြီး အိန္ဒိယမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီနှစ် ဒီဇင်ဘာလမှာ Android One ဖုန်းတွေကို ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ သီရိလင်္ကာတို့မှာ ရောင်းချခဲ့ပါတယ်။ ၂၀၁၅ ဖေဖော်ဝါရီမှာတော့ ဖိလစ်ပိုင်မှာ ရောင်းချခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ အမှတ်တံဆိပ် အများအပြားနဲ့ ထုတ်လုပ်ထားတဲ့ Android One ဟန်းဆက်တွေကို တူရကီအပြင် နိုင်ဂျီးရီးယားနဲ့ ဂါနာတို့လို အာဖရိကနိုင်ငံတွေမှာ ဖြန့်ချိခဲ့ပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းမှာတော့ စပိန်နဲ့ ပေါ်တူဂီတို့မှာ ရောင်းချခဲ့တယ်လို့ သိရပါတယ်။



Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com