1/19/2017

♪ Facebook မှာ မလိုချင်တဲ့ Notifications များကို ပိတ်မယ် ♫


Facebook လို လူမှုကွန်ရက် ၀န်ဆောင်မှုများမှာ Notification များဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း Facebook မှာ စိတ်ပျက်စရာကောင်းတဲ့ Notification များကိုလည်း ရရှိနေတတ်ပါတယ်။ အဲဒီ Notification များ အားလုံးကို ပိတ်ထားလို့ မရပေမယ့် အချို့ကို ပိတ်နိုင်တဲ့ နည်းလမ်းတွေကို Facebook က ပံ့ပိုးပေးထားပါတယ်။

Facebook Notification Settings

Facebook Notification Settings ထဲသွားဖို့အတွက် ညာဘက်အပေါ်ထောင့်မှ Dropdown Arrow ကိုနှိပ်ပါ။ Menu ပေါ်လာရင် Settings ကို နှိပ်ပါ။ Settings ထဲရောက်သွားရင် ဘယ်ဘက်ခြမ်းမှ Notifications ကို နှိပ်ပါ။
On Facebook ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။ အဲဒီကနေ Notification အချို့ကို ပိတ်နိုင်ပါတယ်။ သင့်သူငယ်ချင်းတွေရဲ့ မွေးနေ့နဲ့ ပတ်သက်ပြီး အသိပေးတဲ့ Notification တွေကို ပိတ်ထားချင်ရင် Birthdays ကို တစ်ချက်နှိပ်ပြီး Off လုပ်ပေးပါ။

untitled-1

သင့်သူငယ်ချင်း မဟုတ်သူများက သင့်ကို Tag လုပ်ရင် Notification များရရှိနေမှာပါ။ အဲဒါကို ဖြေရှင်းဖို့ Tags ကို တစ်ချက်နှိပ်ပြီး Friends ကိုရွေးပေးပါ။

untitled-2

နောက်တစ်ခုက သင်ဟာ Page တစ်ခု သို့မဟုတ် Page များစွာကို ကိုင်တွယ်နေရတယ်ဆိုရင် Notification ယူမယ့် Page တွေကိုသာ သတ်မှတ်ထားနိုင်ပါတယ်။ Pages you manage ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။ Notificaiton ပိတ်ထားချင်တဲ့ Page ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Off လုပ်ပေးပါ။

untitled-3

သင် အဖွဲ့ဝင်ထားတဲ့ Group တွေကနေ Notification တွေ တောက်လျှောက်ရနေလို့ ပိတ်ထားချင်ရင် Group Activity ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။ Group တွေရဲ့ ညာဘက်မှ Dropdown Arrow ကို နှိပ်ပြီး Off ကို ပြောင်းပေးပါ။ အဲဒီ ဂရုမှ သူငယ်ချင်းတွေရဲ့ ပို့စ်ကိုသာ Notification ယူထားချင်ရင် Friend’s Posts ကို ရွေးပေးပါ။

untitled-4



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com