1/20/2017

♪ “Samsung Galaxy J7 (2016)” ♫

Image may contain: phone

J7 (2016)ဟာ ၂၀၁၆ ခုနှစ် ၄ လပိုင်းက ထွက်ရှိထားခြင်းဖြစ်ပါတယ်။ မော်ဒယ်နံပါတ်ကွဲ များစွာရှိပါတယ်။ J 710Hဟာ South Africa, Pakistan, Vietnam တို့အတွက်ဖြစ်ပါတယ်။ ဆင်းကတ်တစ်ကတ်သုံးနဲ့ နှစ်ကတ်သုံး ဆိုပြီး ကွဲပြား ခြားနားမှု ရှိပါသေးတယ်။ 2G, 3G, 4G Network အထောက်အပံ့ ပေးစွမ်းမယ့် ဟန်းဆက်ဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ် အမျိုးအစားမှာ Micro SIM ပါ။

ဖုန်းမျက်နှာပြင်အတွက် အသုံးပြုပေးထားသော Touch Screen အမျိုးအစား ကတော့ Touch Screen ဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏကတော့ 720 × 1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆ ကတော့ 267 ppi ပါ။ ပါရှိသော ကင်မရာများမှာ စွမ်းရည်ကောင်းမွန်ပါတယ်။

အဓိကကင်မရာသည် 13 MP, f/1.9 စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5 MP, f/1.9 စွမ်းရည်ဖြစ်ပါတယ်။ အရှေ့ဘက်တွင်လည်း LED Flash စနစ် အသုံးပြုနိုင်ပါမယ်။ Geo-tagging, touch focus, face detection, panorama စသော ကင်မရာဆက်စပ်ပတ်သက်စနစ်များလည်း ပါရှိပါသေး တယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16 GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။


အချို့သော အာရှနဲ့ တရုတ်နိုင်ငံအတွက် ထုတ်လုပ်သော မော်ဒယ်များတွင် တော့ RAM ပမာဏမှာ 3GB ပါရှိပါမယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစား ကတော့ နောက်ဆုံးပေါ် Marshmallow ဖြစ်ပါတယ်။ J7 (2016) ရဲ့ ဘက်ထရီ ဟာ ရိုးရိုး J7 ထက် ပိုမိုအားကောင်းပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ ရဲ့စွမ်းရည်မှာ Li-Ion 3300 mAh ဖြစ်ပါတယ်။ အဆိုပါ ဘက်ထရီ သည် 3G Network တွင် စကားပြောဆိုဖို့ ၂၃ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။

<Specification>

Network - GSM/ WCDMA/LTE
Memory - 16GB
CPU - Octa Core
Camera - 13MP
Screen - 5.5 inches
OS - Android OS, v6.0.1
Contact - 09-73171214

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com