1/20/2017

♪ ၁၅၉,၀၀၀/- ကျပ် ၀န်းကျင် ရှိ - “Samsung Galaxy J2 Prime” ♫

Image may contain: 1 person, smiling, stripes and shoes

Samsung ဟာ ၂၀၁၇ ခုနှစ်အတွက် စမတ်ဖုန်းသစ်နှစ်လုံးကို မိတ်ဆက် ရောင်းချလိုက်ပြီဖြစ်ပါတယ်။ 5.7 inches နှင့် 5.2 inches မျက်နှာပြင် အကျယ်အ၀န်းရှိသော အဆိုပါဖုန်းနှစ်လုံးဟာ အမြင့်စား ဖုန်းများ ဖြစ်သော ကြောင့် ဈေးနှုန်းတန်ဖိုးလည်း မြင့်မားပါတယ်။ ကင်မရာစွမ်းရည်များ လည်း မြင့်မားပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ထုတ်လုပ်ထားသော ဖုန်းများဟာလည်း ယခု အချိန်အထိ ဈေးကွက်အတွင်း လူကြိုက်များဆဲ ဖြစ်ပါတယ်။

Samsung ဟာ ၂၀၁၆ တွင် A Series များကို ထုတ်လုပ်ရောင်းချခဲ့ သလို J Series များ ကိုလည်း ရောင်းချပေးခဲ့ပါတယ်။ အလယ်အလတ်တန်းစားဖုန်းများအဖြစ် J2 နှင့် J2 Prime တို့ကိုမြင်တွေ့ နိုင်ပါတယ်။ ရိုးရိုး J2 ဟာ 4.7 inches မျက်နှာပြင်အကျယ်အ၀န်းရှိပြီး မြင်ကွင်း စွမ်းရည်အပိုင်းတွင် 540x960 pixels ပမာဏပါရှိ ပါတယ်။ ထည့်သွင်းပေးထားသော ကင်မရာနှစ်မျိုးနှစ်စားဟာ အပျော်တမ်းအဆင့်သာ ရိုက်ကူးနိုင်ပါမယ်။ အဓိကကင်မရာဟာ 5MP စွမ်းရည် ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။ အဆိုပါ ရိုးရိုး J2 တွင် Quad Core 1.3GHz စွမ်းရည် ရှိသော CPU ကိုထည့်သွင်းပေး ထားပြီး ဘက်ထရီစွမ်းအားကတော့ Li-Ion 2000mAh ဖြစ်ပါတယ်။ J2 2016 ဟာ ဆင်းကတ် နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းမျက်နှာပြင်အကျယ်အ၀န်းကတော့ 5 inches ရှိပါတယ်။ ကင်မရာပိုင်း စွမ်းရည်များ အနည်းငယ်တိုးတက်လာခဲ့ပါတယ်။ အဓိက ကင်မရာဟာ 8MP စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ် ကတော့ 5MP စွမ်းရည်ပါ။ CPU စွမ်းရည် အပိုင်းတွင် Quad core 1.5GHz ဖြစ်ပြီး၊ အသုံးပြုနိုင်မယ့် Android Version ကတော့ Marshmallow ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား ကတော့ Li-Ion 2600mAh ဖြစ်ပါတယ်။

Galaxy J2 Prime ဟာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလက ထွက်ရှိထားခြင်းဖြစ်ပြီး ဖုန်းရဲ့ပုံပန်းသွင်ပြင်ကတော့ ထောင့်စွန်းများတွင် အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 144.8x 72.1x8.9 mm ဖြစ်ကာ အလေးချိန်မှာ 160g ရှိပါတယ်။ ဆင်း ကတ်တစ်ကတ်သုံးနှင့် နှစ်ကတ်သုံး ဆိုပြီး အမျိုးအစားကွဲပြားပါသေးတယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ် အမျိုးအစား ကတော့ Micro SIM ဖြစ်ပါတယ်။ Asia အတွက် ထုတ်လုပ် ပေးထားသော မော်ဒယ်နံပါတ်ကတော့ G532M ဖြစ်ကာ Global အလုံးမှာ G532F ပါ။ PH အတွက်ကတော့ G532G ပါ။ ဖုန်းမျက်နှာပြင်အတွက် PLS TFT capacitive touch screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ Screen Size မှာ 5 inches ပါ။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 540x960 ပါ။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆဟာ 220ppi ဖြစ်ပါတယ်။ ကင်မရာနှစ်မျိုးနှစ်စား ထည့်သွင်း ပေးထားပြီး LED Flash စနစ်ဟာ ဖုန်းရဲ့အရှေ့ရော အနောက်မှာပါ ပါရှိပါ တယ်။ ထို့ကြောင့် မည်သည့်အနေအထား မှပင်ဓာတ်ပုံရိုက်ကူးပါစေ လင်းလက်တောက်ပသောပုံရိပ်များကို ရရှိပါမယ်။ အဓိက ကင်မရာဟာ 8MP, f/2.2 စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.2 စွမ်းရည်ပါရှိပါ တယ်။ Geo tagging, Touch Focus, Face detection စသော ကင်မရာ ဆက်စပ်ပတ်သက်စနစ်များလည်း ထည့်သွင်းပေးထားပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့ 720p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 frames ပါ။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1.5GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 8GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက်အလက်အများအပြားသိမ်းဆည်းလိုပါက မှတ်ဥာဏ်ပမာဏကိုချဲ့ထွင် သုံးစွဲရပါမယ်။ အများဆုံးချဲ့ထွင်နိုင်မယ့်မှတ်ဥာဏ်ပမာဏကတော့ 256GB အထိဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Android Version ဟာ Marshmallow ဖြစ်ပြီး ထည့်သွင်းပေးထားသော Chipset အမျိုးအစားကတော့ Mediatek MT6737T ပါ။ ပါရှိသော CPU စွမ်းရည်ဟာ Quad core 1.4GHz Cortex A53 ဖြစ်သောကြောင့် ဖုန်းကို တို့ထိအသုံးပြုတဲ့အခါတွင် လျင်မြန်သော တုံ့ပြန်မှုများကို ပေးစွမ်းပါလိမ့်မယ်။ GPU အမျိုးအစားကတော့ Mali-T720MP2 ပါ။ Bluetooth version ကတော့ 4.2 ပါ။ Accelerometer, proximity စသော sensor စနစ်များလည်း ပါရှိပါတယ်။ အားသွင်း အသုံးပြု ရမယ့် ဘက်ထရီအမျိုးအစားဟာ Li-Ion 2600mAh ဖြစ်ပြီး 3G Network တွင် စကားပြောဆိုဖို့ ၁၂နာရီနီးပါးခံနိုင်စွမ်းရှိပါမယ်။ သီချင်းနားထောင်ချိန် အတွက်က တော့ ၅၉ နာရီနီးပါးခံနိုင်ရည်ရှိပါမယ်။ J2 Prime ဟာ အရောင်ကွဲ များစွာလည်း ရှိသောကြောင့် သုံးစွဲသူများအနေဖြင့် ကြိုက် နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဖုန်းရဲ့တန်ဖိုးဟာ ၁၅၉,၀၀၀/- ကျပ် ၀န်းကျင် ရှိပါတယ်။





Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com