MPT ကို လက်ရှိသုံးစွဲနေကြသူတွေ အားလုံး ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင်
အဆင်ပြေ လွယ်ကူချောမွေ့ မှု ရှိစေရန် MPT အနေဖြင့် ဧရာဝတီဘဏ် နဲ့
ပူးပေါင်းပြီး ဧရာဝတီဘဏ်ခွဲတွေမှာ ၂၀၁၇ ဇန်န၀ါရီလ ၁၂ ရက်နေ့မှစပြီး
ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကိုဆောင်ရွက်ပေးသွားမှာဖြစ်တယ် လို့ သိရပါတယ်။
မှတ်ပုံတင်စာရင်း ပြုလုပ်လိုသူတွေအနေနဲ့ နီးစပ်ရာဘဏ်ခွဲတွေမှာ သက်သေခံကတ်ပြားတစ်ခုခု (မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် ဒါမှမဟုတ် ကျောင်းသားကတ် တွေနဲ့ မှတ်ပုံတင် ရမှာ ဖြစ်ပြီး နိုင်ငံခြားသားတွေအတွက်ကတော့ သက်ဆိုင်ရာ ပတ်စ်ပို့ကတ် ဒါမှမဟုတ် တည်ဆဲအစိုးရ က ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြား တစ်ခုခု နဲ့ သွားရာက်ပြီး စာရင်းသွင်းမှတ်ပုံတင်နိုင်မှာဖြစ်တယ် လို့ သိရပါတယ်။
အဲဒီအပြင် မှတ်ပုံတင်စာရင်း ပြုလုပ်လိုသူတွေအနေနဲ့ online ပေါ်မှာ MPT ရဲ့ Customer Self-Care လင့်ဖြစ်တဲ့ https://care.mpt.com.mm ဆိုတဲ့ ဝက်ဆိုက်ဒ်စာမျက်နှာမှတဆင့် မှတ်ပုံတင်နိုင်တယ် လို့ သိရပါတယ်။

www.pyaephyo.com