1/11/2017

♪ iPhone ကို External Hard Drive တစ်ခုအနေနဲ့ သုံးနိုင်မယ့် နည်းလမ်း (၆) သွယ် ♫


ကိုယ်နဲ့မကွာ သယ်ဆောင်သွားချင် သူများအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်နိုင် ပါတယ်။

(၁) File Manager (free)

File Manager ဟာ ဖိုင်တွေကို စီမံခန့်ခွဲပေးနိုင်ရုံသာမက iPhone နဲ့ iPad ကို virtual USB drive တစ်ခုလိုသုံးနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
ဒီ app ကို device ပေါ်မှာ ထည့်သွင်းပြီးတဲ့အခါ အချက်အလက်တွေကို နည်းလမ်းနှစ်မျိုးနဲ့ ထည့်သွင်းနိုင်ပါတယ်။

iTunes ကို အသုံးပြုခြင်း
iPhone ကို ကွန်ပျူတာမှာ ချိတ်ဆက်ပါ။ iTunes ကိုဖွင့်ပြီး Apps ထဲက File Manager ကိုရှာပါ။ အဲ့ဒီနောက် click နှိပ်ပြီး ညာဘက် panel ထဲက documents section ထဲကို ဖိုင်များ ဆွဲထည့်ပါ။

Wi-Fi ကို အသုံးပြုခြင်း
App ကိုဖွင့်ပြီး Settings > Upload Via Wi-Fi Syn ထံသွားပါ။ IP address တစ်ခုပေးပါလိမ့်မယ်။ အဲ့ဒီ IP address ကို တူညီတဲ့ကွန်ရက်ပေးကာ browser တစ်ခုမှာထည့်သွင်းပါ။ အဲ့ဒီအခါ ဖိုင်တွေကို အပြန်အလှန်လွှဲပြောင်းနိုင်ပါပြီ။

(၂) Files: Document & PDF Reader (free)

Files: Document & PDF Reader က File Manager နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဖိုင်တွေ လွှဲပြောင်းနိုင်မယ့် နည်းလမ်းအချို့ကို ပိုမိုထောက်ပံ့ပေးထားတာကြောင့် iTunes, Wi-Fi network တို့နဲ့ အသုံးပြုနိုင်သလို Windows Explorer, Finder တို့နဲ့လည်း အလုပ်လုပ်ပါတယ်။ ဒီ app ရဲ့ တစ်ခုတည်းသော အားနည်းချက်က data limit 200MB သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ Pro version ကို ဝယ်ယူမယ် ဆိုရင်တော့ အကန့်အသတ်မရှိ သုံးနိုင်ပါလိမ့်မယ်။ Pro version မှာ Dropbox, Google Drive, Box နဲ့ OneDrive အတွက် အထောက်အပံ့ ထည့်သွင်းပေးထား ပါတယ်။

(၃) iMazing (ဒေါ်လာ ၃၀ မှ ဒေါ်လာ ၅၀ ဝန်းကျင်)

iMazing ကို အပေါ်က app နှစ်ခုလို iPhone မှာ ထည့်သွင်းထားဖို့ မလိုပါဘူး။ ဒီ desktop app ကို ကွန်ပျူတာမှာထည့်သွင်းပြီး iTunes အစားထိုးတစ်ရပ်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဒီ app မှာ photo organization, backup creation နဲ့ advanced iOS management options အပါအဝင် feature ပေါင်း မြောက်မြားစွာ ပါဝင်ပါတယ်။ File transfer service က စိတ်ဝင်စားစရာကောင်းပြီး ရိုးရှင်းတဲ့ drag-and-drop interface ကို ထောက်ပံ့ပေးထားပါတယ်။

(၄) SanDisk iXpand Flash Drive (ဒေါ်လာ ၄၀ ဝန်းကျင်)

App ကို အသုံးမပြုချင် သူများကတော့ dongle ကိုအသုံးပြုပြီး iPhone နဲ့ ချိတ်ဆက်ကာ အချက်အလက်တွေကို သယ်ဆောင်သွားနိုင်ပါတယ်။ iPhone နဲ့ သုံးနိုင်တဲ့ USB drive အများအပြားရှိပြီး ၎င်းတို့မှာ Lightning connector ပါတဲ့အတွက် iDevice မှာ တိုက်ရိုက်တပ်ဆင်ပြီးသုံးနိုင်ပါတယ်။ လက်ရှိ အကောင်းဆုံးက SanDisk iXpand Flash Drive ပါ။ ဒီ Flash Drive က ဓာတ်ပုံတွေကို အလိုအလျောက် backup လုပ်ပေးပါတယ်။ USB port တစ်ခုပါဝင်တာကြောင့်လည်း flash drive ကို ဘယ်ထုတ်ကုန်နဲ့မဆို တိုက်ရိုက်ချိတ်ဆက်ပြီး သုံးနိုင်ပါတယ်။ SanDisk iXpand Flash Drive ကို 32GB, 64GB, 128GB တို့နဲ့ ရနိုင်ပါတယ်။

(၅) eMart USB Flash Drive (ဒေါ်လာ ၂၀ ဝန်းကျင်)

SanDisk က ဈေးများတယ်ဆိုရင် eMart USB Flash Drive ကို သုံးနိုင်ပါတယ်။ eMart ကို 32GB တစ်မျိုးတည်းသာရရှိနိုင်ပါတယ်။ ၎င်းမှာ Lightning, USB 2.0, micro USB စတဲ့ connector သုံးခုပါဝင်ပါတယ်။ Android ဖုန်းအများစုနဲ့လည်း အသုံးပြုနိုင်ပါတယ်။

(၆) iTunes

iTunes ကိုလည်း ဖိုင်တွေကို လွှဲပြောင်းရာမှာ အသုံးပြုနိုင်ပါတယ်။ ဖုန်းကို ကွန်ပျူတာမှာချိတ်ဆက်ပြီး iTunes ကိုဖွင့်ပါ။ အဲ့ဒီနောက် Device ကိုရွေးပြီး Apps ကို နှိပ်ပါ။ File Sharing အောက်မှာ ဖိုင်ရွှေ့ပြောင်းလိုတဲ့ app ကို ရွေးပါ။

- ဖုန်းမှဖိုင်တစ်ခုကို ရွှေ့ပြောင်းလိုတဲ့အခါ ဖိုင်ပေါ်မှာ right-click နှိပ်ပြီး Save To ကို ရွေးပါ။ အဲ့ဒီနောက် ဖိုင်သိမ်းဆည်းမယ့် လမ်းကြောင်းကို ရွေးပါ။

- ဖိုင်တစ်ခုကို ဖုန်းထံရွှေ့ပြောင်းလိုတဲ့အခါ Add ကိုနှိပ်ပြီး ရွှေ့ပြောင်းလိုတဲ့ဖိုင်ကို ရွေးပါ။ အဲ့ဒီနောက် Open ကို နှိပ်ပါ။



Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com