1/13/2017

♪ Meizu က ဇန်န၀ါရီလ ၂၇ ရက်မှာ M5s ကို မိတ်ဆက်မည် ♫


Meizu က ဇန်န၀ါရီလ ၂၇ ၇က်မှာ ကျင်းပမယ့် ပွဲအတွက် ဖိတ်စာများကို မီဒီယာများအား ဝေငှလိုက် ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Meizu M5s ကို မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲဒီဖုန်းရဲ့ သတင်းများဟာ ပြီးခဲ့တဲ့ လကတည်းက ထွက်ပေါ်နေပါတယ်။

ယခင်နှစ် ဒီဇင်ဘာလမှာ M5s ရဲ့ ဓါတ်ပုံများ စတင် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူ့ရဲ့ သတင်းအချက်အလက်များ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ရက်များကို မသိခဲ့ရပါဘူး။ Meizu က ဖေဖော်ဝါရီလ မှာလည်း Meizu 5S ကို မိတ်ဆက်မယ်လို့ သိရပါတယ်။ Meizu က ယခုနှစ်မှာ Devices အသစ် ၆ လုံးကို မိတ်ဆက်မယ်လို့လည်း သတင်းထွက်နေပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့သတင်းများအရ Meizu M5s မှာ ၅.၂ လက်မ LCD Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ MediaTek MT6753 Chipset မောင်းနှင်မှာ ဖြစ်ပြီး 1.3GHz Cortex A53 Core ၈ လုံး တပ်ဆင်ထားပါတယ်။

Meizu M5s ဟာ Meizu M5 ရဲ့ မျိုးဆက်သစ်ဖြစ်နိုင်သလို သူ့ရဲ့ အရွယ်သေး အမျိုးအစားလည်း ဖြစ်နိုင် ပါတယ်။ သေချာတာတစ်ခုက Meizu ဟာ ၂၀၁၇ ခုနှစ်အတွက် စီမံကိန်းကြီးများရှိပြီး Meizu M5s ဟာ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com