1/13/2017

♪ “Lenovo K5 Note” 329,000/- Ks ♫

Image may contain: 1 person, shoes

စမတ်ဖုန်းများ အသုံးပြုသည့်အခါတွင် ရုပ်ကြွမြင်ကွင်းများ ခံစားရရှိနိုင်စေဖို့ အတွက် VR Headset များကို ထုတ်လုပ် ရောင်းချပေးထားကြပါတယ်။ ထို Headset များဟာ ဂိမ်းကစားတဲ့အခါတွင် ပိုမိုကောင်းမွန်သည့် ရသများကို ပေးစွမ်းနိုင်ပါတယ်။ Lenovo VR ကိုလည်း ဈေးကွက်အတွင်းမှာ ၀ယ်ယူရရှိ နိုင်ပါတယ်။ စမတ်ဖုန်းသီးသန့်သာ အသုံးပြုမယ်ဆိုရင်လည်း အရည်အသွေး ကောင်းမွန်သော ဟန်းဆက်ကို ၀ယ်ယူသုံးစွဲခြင်းသည် မြင်ကွင်းရသ အတွက် သာမက အသံစွမ်းရည်ကိုလည်း အပြည့် အ၀ ခံစားနိုင်စေပါမယ်။

ဟန်းဆက် ကောင်းများကို ထုတ်လုပ်ထားသည့် အမှတ်တံဆိပ်ထဲတွင် Lenovo လည်း ပါရှိပါတယ်။ Lenovo ဟာ အချို့သော ဖုန်းအမျိုးအစားများကို Series အလိုက် ရောင်းချပေးထားပါတယ်။ X Series များထဲတွင် X3 ဟာ ကောင်းမွန်သော ဟန်းဆက်တစ်လုံးပါ။ မျက်နှာပြင်အကျယ်အ၀န်း 5.5 inches ရှိပြီး အဓိက ကင်မရာဟာ 21 MP, f/2.0 စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 8MP စွမ်းရည်ရှိပါတယ်။ X3 ရဲ့ ဘက်ထရီအမျိုးအစားကတော့ Li-Po 3500mAh ဖြစ်ပါတယ်။

Lenovo ဟာ K series များကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ K4 Note ဟာ 5.5 inches အကျယ်အ၀န်းရှိသော မျက်နှာပြင် ပိုင်ဆိုင်ထားပြီး 13 MP နှင့် 5MP စွမ်းရည်ရှိသော ကင်မရာနှစ်မျိုး ပါရှိပါတယ်။ CPU စွမ်းရည်ကတော့ Octa Core 1.3 GHz ဖြစ်ပါတယ်။ K4 Note ရဲ့ ဘက်ထရီဟာ Li-Po 3300 mAh ဖြစ်ခြင်းကြောင့် 3G Network တွင် စကားပြောဆိုဖို့ နာရီ ၂၀ ကျော် နီးပါး ခံနိုင်စွမ်းရှိပါမယ်။ K5 Note ကို K5 Note Pro လို့လည်း ခေါ်ဆိုနိုင်ပါ တယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားမှာ 2G, 3G, 4G ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် အရွယ်အစားပမာဏကတော့ 152 × 75.7 × 8.5 mm ဖြစ်ကာ အလေးချိန်မှာ 165g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Nano Sim ပါ။


ဖုန်းမျက်နှာပြင်အတွက် LTPS IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းမျက်နှာပြင် အကျယ်အ၀န်းကတော့ 5.5 inches ရှိပါတယ်။ မြင်ကွင်း စွမ်းရည် အတွက် ထောက်ပံ့ပေး ထားသော Pixels ပမာဏကတော့ 1080 × 1920 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆ ကတော့ 401 ppi ပါ။ အဓိကကင်မရာဟာ 13 MP, f/2.2 စွမ်းရည်ရှိပြီး Dual LED (Dual Tone) Flash စနစ်လည်း ပါရှိပါ တယ်။ ရှေ့ကင်မရာငယ်ကတော့ 8MP စွမ်းရည်ဖြစ်ပါတယ်။ Selfie ရိုက်ကူးမှုအတွက် ပုံရိပ်ကောင်းများကို ပေးစွမ်း နိုင်ပါလိမ့် မယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080 p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ဖြစ်ပါတယ်။

အသံပိုင်းစနစ်တွင် Dolby Atmos audio enhancement, 24-bit/192 kHz audio, Active noise cancellation with dedicated mic စနစ်များလည်း ပါရှိပါတယ်။ ဖုန်းရဲ့မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ဟာ 3 သို့မဟုတ် 4GB ပါရှိပါတယ်။ Internal Storage အနေဖြင့် 32GB ပါရှိအောင် ဆောင်ရွက် ပေးထား ပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါက မှတ်ဥာဏ်ပမာဏ ကို ချဲ့ထွင်အသုံးပြုရပါမယ်။ Cardslot စနစ်ကို အသုံးပြု၍ မှတ်ဥာဏ်ပမာဏကို 256GB အထိ ချဲ့ထွင်သုံးစွဲနိုင်ပါမယ်။ ဖုန်းတွင် ပါရှိ သော Android Version ကတော့ Lollipop ဖြစ်ပါတယ်။


ထည့်သွင်းပေးထား သော Chipset အမျိုးအစားမှာ Mediatek MT 6755 Helio P 10 ဖြစ်ကာ CPU စွမ်းရည်ကတော့ Octa core (4×1.8 GHz Cortex - A 53 & 4 × 1.0 GHz Cortex - A 53) ဖြစ်ပါတယ်။ ထို့ကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် လျင်မြန် သွက်လက်ပါမယ်။ GPU အမျိုးအစား ကတော့ Mali-T 860 MP 2 ပါ။ ဖုန်းများ တွင် လုံခြုံရေးစနစ်မြင့်မားစေရန် သက်ဆိုင်ရာ ဖုန်းကုမ္ပဏီများသည် နည်းစနစ်အမျိုးမျိုးကို ဆန်းသစ်တီထွင် ထည့်သွင်းပေးလာကြပါတယ်။ လူသုံးများသော လုံခြုံရေးစနစ်ကတော့ လက်ဗွေရာ အသုံးပြုမှုဖြစ်ပါတယ်။ ဖုန်းအများစုတွင် Finger Print ပါရှိလာရာ ယခု K5 Note တွင်လည်း ထိုစနစ် ကို အသုံးပြုနိုင်ပါမယ်။ အဆိုပါ လက်ဗွေရာဖတ်စနစ်ကို ဖုန်း၏ အနောက်ဘက်တွင် ထည့်သွင်းပေးထားပါတယ်။ အခြားသော Sensor စနစ် များကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

Bluetooth Version ကတော့ 4.1 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 3500 mAh ဖြစ်ပါတယ်။ ထိုဘက်ထရီဟာ အသင့်အနေအထားတွင် နာရီ ၅၀၀ နီးပါးနှင့် 3G Network တွင် စကားပြောဆိုရန် ၂၇ နာရီနီးပါး ခံနိုင်စွမ်း ရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဖုန်းအရောင်ကွဲများကိုလည်း ထုတ်လုပ် ပေးထားပါတယ်။ K5 Note ရဲ့ တန်ဖိုးမှာ 329,000/- Ks ၀န်းကျင်ရှိပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com