1/13/2017

♪ အချိန်အကန့်အသတ်အတွင်း အခမဲ့ရနိုင်မယ့် iOS app များ ♫


Apple ရဲ့ App Store ပေါ်မှာ အခကြေးငွေပေးပြီး ဝယ်ယူရတဲ့ app တွေကို Promotion လုပ်တဲ့အနေနဲ့ အချိန်အကန့်အသတ်တစ်ခုအတွင်းမှာ အခမဲ့ပြုလုပ်ပေးလေ့ရှိပါတယ်။ (၀.၉၉) ဒေါ်လာတန်တွေကစလို့ (၁၀) ဒေါ်လာ ကျော်တန်တဲ့ app တွေပါ ပါဝင်တတ်ပါတယ်။ အဲဒီ app တွေထဲမှာ အမှန်တကယ်အသုံးဝင်တဲ့ app တွေ ပါတတ်တဲ့အတွက် အချို့ iOS user တွေဆိုရင် အဲ့လိုမျိုး အခမဲ့ပေးမယ့် အချိန်ကို စောင့်ပြီး ရယူတတ်ကြပါတယ်။ တစ်ခုရှိတာက ဒီ app တွေကို အခမဲ့ရရှိနိုင်မယ့် အချိန်အတိုင်းအတာကို သူတို့ရဲ့ developer တွေကလွဲလို့ ဘယ်သူမှမသိကြပါဘူး။ အချိန်မရွေး ပုံမှန်အတိုင်း အခကြေးငွေနဲ့ ပြန်လည် ဝယ်ယူရနိုင်တဲ့အတွက် မိမိကြိုက်နှစ်သက်ရာ App တွေကို အခုပဲ download ရယူလိုက်ကြရအောင် . . .

Photo Reminders (ပုံမှန်အားဖြင့် ၀.၉၉ ဒေါ်လာ)

photo-reminders
သင်ဟာသတိမေ့တတ်တဲ့သူတစ်ယောက် (ဒါမှမဟုတ်) နေ့စဉ်နဲ့အမျှ အလုပ်တွေရှုပ်ယှက်ခတ်နေတတ် သူတစ်ယောက်ဆိုရင်တော့ ဒီ App က သင့်အတွက် အတော်လေးအသုံးဝင်ပါလိမ့်မယ်။ သင့်ရဲ့ နေ့ရက်အလိုက် event တွေနဲ့ ကိစ္စအဝဝတွေကို မလွဲချော်စေဖို့အတွက် အမြဲတမ်း သတိပေးနေမယ့် အတွင်းရေးမှူးတစ်ယောက် ခန့်ထားစရာမလိုတော့ပါဘူး။ ဒီ App ကသင့်ကို အကောင်းဆုံး remind ပြုလုပ်ပေးမှာဖြစ်ပြီ။ Notes တွေ၊ အသံတွေ၊ ဓာတ်ပုံတွေနဲ့ပါ သတ်မှတ်ပေးထားနိုင်ပါတယ်။

iTranslator Widget (ပုံမှန်အားဖြင့် ၀.၉၉ ဒေါ်လာ)

itranslator-widget
ဒါကတော့ ဘာသာစကား (၃၇) မျိုးကို ဘာသာပြန်ပေးမယ့် Widget app တစ်ခုဖြစ်ပါတယ်။ မြန်မာဘာသာမပါဘူးဆိုတာကိုတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ သင့်လုပ်ငန်းခွင်အတွက် လိုအပ်သလို အလွယ်တကူ အသုံးပြုနိုင်သလို သင်ကြိုက်နေတဲ့တစ်စုံတစ်ယောက်က ကိုရီးယားဘာသာစကားသင်တန်း ၊ ဂျပန်ဘာသာစကားသင်တန်း စတဲ့ ဘာသာစကားတစ်မျိုးမျိုးကို လေ့လာနေတဲ့သူတစ်ယောက်ဆိုရင်တော့ အဲ့ဒီဘာသာစကားနဲ့ ရည်းစား စကားပြော နိုင်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

Windy (ပုံမှန်အားဖြင့် ၀.၉၉ ဒေါ်လာ)

windy
ဒါကတော့ Music app လေးတစ်ခုဖြစ်ပါတယ်။ သင်ဟာ Music နဲ့ ပတ်သတ်လို့ ဘာမှနားမလည်ဘူးဆိုရင်တောင်မှ ဒီ app လေးက သင့်ကို သံစဉ်တွေဖန်တီးနိုင်စေမှာပါ။ ပုံမှာပြထားတဲ့အတိုင်း ဖုန်းရဲ့ microphone နေရာကို လေချွန်ပေးရုံနဲ့ သင်ထွက်စေချင်တဲ့ ဂီတသံစဉ်တွေကို ပြန်လည်ထုတ်လွှတ်ပေးမှာပါ။ လေချွန်နေတုန်း ဖုန်းကို ဘယ်ညာ စောင်းပြီး flat သံ sharp သံ ပြောင်းလဲနိုင်သလို အထက်၊အောက် စောင်းပြီး octaves တွေ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

Awesome List (ပုံမှန်အားဖြင့် ၃.၉၉ ဒေါ်လာ)

awesome-lists

ဒါကတော့ To do list ပြုလုပ်တဲ့ app တစ်ခုဖြစ်ပါတယ်။ ပုံမှန် To Do List app တွေနဲ့မတူဘဲ . . .
• To do Lists
• Shopping Lists
• Packing Lists
• Inventories
• Bucket Lists
• Wish Lists
• Needed Items
• Projects
• Checklists
• Goals
• Outlines and Points to cover
• Places to visit
• Your Favorite Things  စတာတွေကို အရောင်စုံ icon လေးတွေနဲ့ သတ်မှတ်ပေးထားနိုင်ပါတယ်။

Wakerapper (ပုံမှန်အားဖြင့် ၀.၉၉ ဒေါ်လာ)

wakerapper

Alarm app တွေထဲမှာတော့ အကောင်းဆုံး app တစ်ခုလို့ ဆိုနိုင်ပါတယ်။ သင့်ရဲ့ နေ့စဉ် အချိန်ဇယားအရ အိပ်ယာဝင်သင့်တဲ့အချိန်နဲ့ အိပ်ယာထသင့်တဲ့အချိန်ကို တွက်ချက် သတ်မှတ်ပေးမှာဖြစ်ပြီး အလွန်အကျွံ အိပ်စက်မှု အတွက်လည်း alarm သတ်မှတ်ပေးထားနိုင်ပါတယ်။ စိတ်ပျက်ဖွယ်ရာ အသံဆိုးတွေနဲ့ နိုးထ ရမယ့်အစား အလင်း ဒါမှမဟုတ် တုန်ခါမှုနဲ့ နိုးထရအောင်လည်း ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com