ကွန်ပျူတာအနားမှ တစ်စုံတစ်ယောက် ထွက်ခွာသွားသည်နှင့် သိရှိနိုင်ပြီး
ကွန်ပျူတာကို လုံခြုံမှုရှိအောင် အလိုအလျောက် lock လုပ်ပေးမည့် Windows 10
feature သစ်တစ်မျိုးကို Microsoft က စမ်းသပ်လျက်ရှိသည်။
မကြာသေးမီက ဖြန့်ချိခဲ့သော Windownload test builds တွင် အဆိုပါ feature ကို Dynamic Lock ဟု အမည်ပေးထားကြောင်း၊ ၎င်းကို Microsoft က ကုမ္ပဏီအတွင်း Windows Goodbye ဟုခေါ်ဆိုကြောင်း Windows Central မှ ဖော်ပြခဲ့သည်။ Microsoft သည် လက်ရှိတွင် Windows 10 သုံးစွဲသူများက ၎င်းတို့၏ မျက်နှာဖြင့် ကွန်ပျူတာတွင် log in ပြုလုပ်နိုင်စေရန်အတွက် အထူးဖန်တီးထားသည့် Windows Hello ကင်မရာများကို အသုံးပြုထားသည်။
အဆိုပါ feature သစ်သည် ကွန်ပျူတာအနားမှ ထွက်ခွာသည့်အခါတွင် Winkey + L ကို နှိပ်ကာ lock လုပ်ရန်မလိုတော့ဘဲ ၎င်းလုပ်ငန်းစဉ်ကို အလိုအလျောက် ပြုလုပ်ပေးမည်ဖြစ်သည်။ Dynamic Lock ပါဝင်သည့် Windows 10 Creators Update ကို Microsoft က ဧပြီလတွင်ဖြန့်ချိရန် စီစဉ်ထားသည်။

www.pyaephyo.com