Asus
က Google Tango Augmented Reality နဲ့ DayDream VR Software နည်းပညာပါတဲ့
Zen Fone ARကို CES မှာ ပြသလိုက်ပါတယ်။ Asus က ZenFone AR ကို 8GB RAMနဲ့
6GB RAM Model၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။
စမတ်ဖုန်းက လှုပ်ရှားမှုများ နဲ့ ပတ်ဝန်းကျင်ကို အာရုံခံနိုင်ပါ တယ်။ ၅.၇ လက်မ Super AMOLED QHD Display တပ်ဆင်ထားတဲ့အတွက် Virtual Realityကို ကောင်းစွာ ခံစားနိုင်ပါတယ်။ Qualcomm Snapdragon 821 Processor မောင်းနှင်မှာဖြစ်ပါတယ်။ စမတ်ဖုန်းအတွက် Asus ZenUI VR 360 Degree App ကိုလည်း ထည့်သွင်းပေးမှာဖြစ်ပြီး PhotoCollage, Gallery, Zen Circles Appsများကို ထောက်ပံ့မှာဖြစ်ပါတယ်။23MP Rear Cameraက 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။
Android Nougat , 256GB Storage ထည့်သွင်းထားပါတယ်။ ZenFone 3 Zoomမှာ 5000 mAh Battery , 5.5” Full HD Display, Qualcomm Snapdragon 625 Processor, 4GB RAM , 128GB Storage ထည့် သွင်းထားပါတယ်။ အနောက်မှာ 12MP Camera ၂ လုံးတပ်ဆင်ထား ပြီးOptical Zoomကို ၂.၃ ဆအထိ ဆွဲနိုင်ပါတယ်။ 13MP Front Camera ပါရှိပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

https://www.facebook.com/
www.pyaephyo.com