လျှပ်စစ်နဲ့ နည်းပညာ ပစ္စည်းတွေ ဖြန့်ဖြူးနေတဲ့ ကုမ္မဏီတစ်ခုဖြစ်တဲ့ OPPO
ဟာ အမေရိကန်နိုင်ငံ Las Vegas မှာ ကျင်းပနေတဲ့ ကမ္ဘာလုံးဆိုင်ရာ
နည်းပညာပစ္စည်းများ ပါဝင်ပြသသော CES 2017 ရဲ့ အမြင့်ဆုံး ဆုတွေ ဖြစ်တဲ့
၂၀၁၆ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း အမှတ်တံဆိပ် နဲ့
ကမ္ဘာ့အကောင်းဆုံးချိတ်ဆက် ထုတ်ကုန် အမှတ်တံဆိပ် ဆုတွေကို လက်ခံရရှိခဲ့တယ်
လို့ သိရပါတယ်။
အမေရိကန်နိုင်ငံရှိ Wynn Hotel Las Vegas မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ OPPO ရဲ့ စမတ်ဖုန်းအသစ် ထုတ်လုပ်နိုင်ခြင်း၊ နည်းပညာသစ်တွေ တီထွင်ဖန်တီးနိုင်ခြင်း တို့နဲ့ အတူတူ အသုံးပြုသူတွေရဲ့ သဘောကျနှစ်ခြိုက်မှုများ ရရှိခြင်းတို့ကြောင့် ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း အမှတ်တံဆိပ် စာရင်းတွင် ရွေးချယ်ခံခဲ့ရတာ ဖြစ်တယ် လို့ ဆိုပါတယ်။
OPPO အမှတ်တံဆိပ်ဟာ အမေရိကန်အခြေစိုက် International Data Group (IDG) မှ ချီးမြှင့်တဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး စမတ်ဖုန်းအမှတ်တံဆိပ် ၂၀စာရင်းမှာ ရွေးချယ်ခံရရုံသာမက ၂၀၁၆-၂၀၁၇ ရဲ့ ကမ္ဘာ့အကောင်းဆုံးချိတ်ဆက်နိုင်သော နာမည်ကျော် အမှတ်တံဆိပ် ၁၅ စာရင်းမှာလည်း ရွေးချယ်ခံခဲ့ရတယ် လို့ သိရပါတယ်။
“တစ်ကမ္ဘာလုံးမှာရှိတဲ့ သုံးစွဲသူတွေအတွက် တီထွင်ဖန်တီးမှု နည်းပညာအသစ်တွေကို အမြဲမပြတ် လုပ်ဆောင် နေတဲ့ OPPO ရဲ့ ကြိုးစားအားထုတ်မှုကို နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ IDG က အခုလို အသိအမှတ်ပြုတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ဆုကို လက်ခံရယူခဲ့တဲ့ OPPO ရဲ့ နည်းပညာဆိုင်ရာ အစီအစဉ် ဦးဆောင်သူ Luma Lu က ပြောပါတယ်။
OPPO ဟာ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာသည့် အချိန်ကနေစပြီး နည်းပညာဆိုင်ရာ အားသာချက်တွေအပြင်၊ ဒီဇိုင်း သေသပ်လှပခြင်း ၊ ဈေးနှုန်းသင့်တင်ခြင်းတွေ ကြောင့် ဈေးကွက် အတွင်း နေရာရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ OPPO F1s စမတ်ဖုန်းတွေဟာလည်း အောင်မြင်မှု အများအပြား ရရှိခဲ့တယ် လို့ သတင်းရရှိပါတယ်။

www.pyaephyo.com