1/18/2017

♪ iPhone နဲ့ ဆင်တူတဲ့ သေနတ် ထွက်ပေါ်လာတဲ့အတွက် ရဲတွေ စိတ်ပူ ♫


ကာဗာ တပ်ထားတဲ့ iPhone နဲ့ ဆင်တူတဲ့ သေနတ် တစ်မျိုး ထွက်ပေါ်လာတဲ့အတွက် နိုင်ငံအနှံ့အပြားက ရဲတွေ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

သေနတ်ရဲ့ ပုံစံက ဒီအတိုင်းကြည့်ရင်တော့ ကာဗာတပ်ဆင်ထားတဲ့ iPhone နဲ့ ဆင်တူပေမယ့် စက္ကန့်ပိုင်း အတွင်းမှာ Transformer စက်ရုပ်တွေလို သေနတ်အဖြစ်အသွင်ပြောင်းလိုက်လို့ရပါတယ်။
ideal-conceal-2
သေနတ်ရဲ့ ဈေးနှုန်းက (၃၉၅) ဒေါ်လာဖြစ်ပြီး အမေရိကန်မှာ preorder ပေါင်း (၁၂၀၀၀) ကျော် လက်ခံရရှိပြီးပြီ လို့ သိရပါတယ်။

ဒီသေနတ်တွေဟာ လာမယ့် လအနည်းငယ်အတွင်းမှာ ဥရောပ အပါအဝင် နိုင်ငံအနှံ့အပြားကို တရားမဝင်နည်းလမ်းတွေနဲ့ ဝင်ရောက်လာနိုင်တဲ့အတွက် ဥရောပ နိုင်ငံအတွင်းက ရဲတွေဟာ အလွန်အမင်းစိတ်ပူလျက်ရှိကြတယ်လို့ သိရပါတယ်။



Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com