1/18/2017

♪ သွားရေးလွယ်ရေး လွယ်ကူဖို့ ဘတ်စကား App များ စုစည်းမှု ♫


ခရီးသည်တွေ နဲ့ နေ့တဓူဝ ကားစီးနေကြရတဲ့ လူများစွာ အတွက် သွားရေးလွယ်ရေး လွယ်ကူစေဖို့ အကောင်းဆုံး ပရိုဂရမ်လေးတွေ စုစည်းဖော်ပြပေးလိုက်ပါတယ်။ အခု တွေ့ရှိရတဲ့ ပရိုဂရမ်တိုင်း ဟာ  စထွက်မည့် နေရာ နဲ့ သွားလိုသည့်နေရာကို ရွေးပြီး စီးရမည့် ယာဉ်လမ်းကြောင်းများကို လွယ်ကူမှန်ကန်စွာ ရှာဖွေနိုင်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းထဲမှာ install လုပ်ပြီး သုံးစွဲမယ် ဆိုရင် အကောင်းဆုံး နဲ့ အချိန်ကုန်လည်း သက်သာစေမယ့် App ကလေးတွေ ဖြစ်ကြောင်း ကြော်ငြာမောင်းခတ်လိုက်ရပါတယ်။

1
  • Yangon Bus
Yangon Bus Service Official ဖြစ်ပါတယ်။ Beta အဆင့်ပဲ ရှိသေးတာမို့ အမှားအယွင်းတွေ အများအပြား ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် ဘတ်စကား လမ်းကြောင်း ရွေးချယ်တဲ့ နေရာမှာတော့ အကောင်းဆုံး လမ်းညွန်ပြသနိုင်တဲ့ ဆော့ဖ်ဝဲလေးတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်တစ်မြို့လုံး အတွက် အမျိုးမျိုးအစားစား သော ဘတ်စကားလိုင်းတွေကို စုစည်းဖော်ပြပေးတဲ့အပြင် အပြင် ကို နေရာဒေသ တွေကို သေချာ ချိန်ကိုက်ပြီးမှ ဒီ App ကို ရေးသားခဲ့တာ ဖြစ်တဲ့အတွက် လမ်းကူးပါ။ လမ်းလျှောက်ပါ ..စတဲ့ အသေးစိတ် အချက်အလက်တွေတောင် ပါဝင်ပါသေးတယ်။
 
Version ကတော့ 1.0.9 အထိ ရောက်ရှိနေပါပြီ။ GPS နဲ့လည်း ရှာဖွေလို့ရနိုင်ပါတယ်။
ဒီ App ကို Technomation Company က ရေးသားထားတာဖြစ်ပါတယ်။
Download
Facebook လိပ်စာ က https://www.facebook.com/yangonbus/?hc_ref=SEARCH ဖြစ်ပါတယ်။

 2
  • Yangon Bus Info
Yangon Bus Service un-Official ဖြစ်ပါတယ်။ လူငယ် ပရိုဂရမ်မာ လေး မြတ်မင်းစိုး ရေးသားထားတာ ဖြစ်ပြီး သူလည်း ပဲ Beta အဆင့်ပါ။ ၁၁.ဇန်န၀ါရီလ ၂၀၁၇ ခုနှစ်မှာ update လုပ်ခဲ့ပြီး လက်ရှိအချိန်ထိ လူပေါင်း ၁၀၀၀၀ ကျော် တိုက်ရိုက် ဒေါင်းလုပ်ဆွဲ Intall လုပ်ခဲ့ပြီးပါတယ်။ Android 4.0 နဲ့ အထက် မှာ သုံးစွဲလို့ ရနိုင်ပါတယ်။ အကြံညဏ်နဲ့ ဝေဖန်ဆွေးနွေးမှုတွေ ပြုလုပ်ချင်ရင်တော့ septemberboy7@gmail.com ကို မေးလ် ပေးပို့နိုင်ပါတယ်။

Version က 1.4 ဖြစ်ပါတယ်။ Google Play က ပေးထားတဲ့ Rate က တော့ 3+ ပါ။ သူက ကျတော့ ခရီးစဉ် ဆွဲနေစဉ်မှာပဲ အောက်မှာ ဘတ်စကားလိုင်း နံပါတ် တွေ လာရောက် ပြသပေးပါလိမ့်မယ်။
Facebook လိပ်စာ က https://www.facebook.com/Yangon-Bus-Service-Unofficial-394318200917369/?hc_ref=SEARCH ဖြစ်ပါတယ်။
 3
  • Yangon Bus Report
ဒရိုင်ဘာတွေ စပါယ်ရာတွေက အဟောင်းတွေ ဖြစ်နေလို့ အရင်လို မိုက်ကြေးခွဲ ပြဿနာရှာမှာ အရင် အမူအကျင့်အဟောင်းတွေ ပြန်ပေါ်လာမှာ စိုးရိမ်နေပါသလား။ သူတို့နဲ့ ယှဉ်ပြောရင် ယှဉ်မိုက်ရင် ကိုယ်ပဲ ဒုက္ခများမယ့် အခြေအနေမှာ ဒီ App လေး သုံးပြီး စုပေါင်း သတင်းပို့လိုက်ပါ။ စနစ်ကျတဲ့ အချက်အလက် ပုံစံတွေကို ကျွန်တော်တို့ ပြင်ပေးပါ အဖွဲ့သားများက စုစည်းပြီး တာဝန်ရှိသူတွေကို ပေးပို့ ကူညီသွားပါမယ်…စသဖြင့် ဘတ်စကားခရီးအပေါ်မှာ မကျေနပ်မှုတွေ ၊ ဘတ်စကားသမားတွေ ရဲ့ လူလည်ကျမှုတွေ နဲ့ တခြား သိလိုတဲ့အချက်တွေကို ပဲ ဖြစ်ဖြစ်၊ ဝေဖန်ချင်တာ ၊ ဆွေးနွေးချင်တာလေးတွေပဲ ဖြစ်ဖြစ် အကောင်းဆုံး အကြံညဏ်ပေးနိုင်တဲ့ App ဖြစ်တဲ့အတွက် သူကလည်း သုံးစွဲသင့်တဲ့ အထဲမှာ ပါရှိပါတယ်။

Myanmar Links ရဲ့ ဦးဆောင် ပရိုဂရမ်မာ ကိုစိုးသီဟနောင် က တာဝန်ယူရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကားအမြန်မောင်းတာတွေ၊ ကားခ မတန်တဆ ကောက်တာတွေ အပြင် ၊ လမ်းကြောကြပ်တာတွေကို ထပ်မံထည့်သွင်း ဖြည့်စွက်ထားပါတယ်။ ၁၆ ၊ ဇန်န၀ါရီ၊ ၂၀၁၇ ခုနှစ် က Update လုပ်ထားပါတယ်။ Rate က 12+ ရှိပါတယ်။ Android 4.1 အထက် သုံးစွဲနိုင်ပါတယ်။

Download Android
Facebook လိပ်စာ က https://www.facebook.com/ygnbusreport/?fref=ts ဖြစ်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com