1/18/2017

♪ Telenor ၏ စိတ်ကြိုက် အစီအစဉ် (၂၄) ရက်နေ့တွင်ကုန်ဆုံးမည် ♫


တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)၏ လူကြိုက်အများဆုံး ၀န်ဆောင်မှု အစီအစဉ်ဖြစ်သည့် စိတ်ကြိုက် အစီအစဉ် စာရင်းသွင်းရယူအသုံးပြုမှု အသစ်များကို ယခုလ ၂၃ ရက်နေ့ ည ၂၃:၅၉:၅၉ နာရီ နောက်ဆုံး ထား၍ သာ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

တယ်လီနော အနေဖြင့်  Facebook နှင့် Viber အခမဲ့ အသုံးပြုနိုင်သည့် စိတ်ကြိုက် အစီအစဉ်ကို ပြီးခဲ့သည့် (၂၀၁၆) ခုနှစ် ဇွန်လ အကုန်က မိတ်ဆက်ပေးခဲ့ပြီး တယ်လီနော ၏ သုံးစွဲသူအများဆုံး အစီအစဉ် တစ်ခုလည်းဖြစ်သည်။

“စိတ်ကြိုက် အစီအစဉ်ကို နှစ်ချိုက်စွာသုံးစွဲနေကြတာကို ကျွန်တော်တို့အနေနဲ့ ၀မ်းမြောက်ဝမ်းသာ အသိအမှတ်ပြုမိပြီး အခုလိုအစီအစဉ်ကို လူကြိုက်များတာဟာ မြန်မာပြည်သူပြည်သားတွေအနေနဲ့ လူမှုကွန်ရက်တွေကို ဘယ်လောက် နှစ် ချိုက် ကြတယ်ဆိုတာကို သက်သေပြနေပါတယ်။ တယ်လီနောဟာ သုံးစွဲသူတွေအတွက် စိတ်ဝင်စားစရာကောင်းပြီး ထူးခြားဆန်းသစ်တဲ့ ၀န်ဆောင်မှုသစ်တွေ ကိုလည်း ပေးအပ်နေဖို့ အစဉ်မပြတ် အားထုတ်နေပါတယ်။ ‘စိတ်ကြိုက်’ အစီအစဉ်ကို မရယူထား ရသေးသူအနေနဲ့လည်း သုံးစွဲသူ ၁၀ သန်းကျော်ရှိတဲ့ ‘စိတ်ကြိုက်’ သုံးစွဲသူ အထူး ကလပ်ထဲမှာ ပါဝင်နိုင်စေဖို့ အမြန်ဆုံး စာရင်းသွင်း ရယူထားနိုင်ကြပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိ ချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားသည်။

နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီ စာရင်းသွင်းလိုသူများအနေဖြင့် *979*3*4# ကိုဖုန်းခေါ်ဆို၍ ၀န်ဆောင်မှု ကိုရယူထားနိုင် ပါသည်။ ‘စိတ်ကြိုက်’ကို စာရင်းသွင်းထားပြီး ဖြစ်ပြီး လက်ရှိ အသုံးပြုနေကြသည့်သူများ သည်လည်း ဖုန်းကတ်ကို ပုံမှန် ငွေဖြည့်နေခြင်းဖြင့် ‘စိတ်ကြိုက်’၏ ၀န်ဆောင်မှု အစီအစဉ်များ ကို ဆက်လက်ရရှိနေမည် ဖြစ်ပြီး နေ့စဉ် (၁၅၀) မီဂါဘိုက်ကို အခမဲ့ရရှိနေမည်ဖြစ်ကြောင်း သိရသည်။



Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com