အလုပ်အကိုင်ရှာဖွေရေး
website ဖြစ်သည့် Jobnet.com.mm မှ မြန်မာဝန်ထမ်းများ
လုပ်ငန်းခွင် အတွင်းပျော်ရွှင်မှု ရှိ မရှိ စစ်တမ်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝန်ထမ်း ငါးထောင်ခန့်အား လုပ်ငန်းခွင်အတွင်း ပျော်ရွှင်မှုမည်မျှရှိကြောင်းကို စစ်တမ်းတစ်ခု ကောက်ယူ ခဲ့ပြီး ယင်းစစ်တမ်းတွင် ဝင်ရောက်ဖြေဆိုသူများ၏ ၄၆ ရာခိုင်နှုန်းသာ လုပ်ငန်းခွင်အတွင်း ကျေနပ်ပျော်ရွှင် မှုရရှိကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။ လုပ်ငန်းခွင်အတွင်း အလွန်မပျော်ရွှင်ဖြစ်နေသည့် ရာခိုင်နှုန်းမှာ ၅ ရာခိုင်နှုန်းခန့်သာရှိပြီး လုပ်ခလုပ်စာကြောင့်ဖြစ်သည်ဟု ဖြေကြားခဲ့ကာ ၁၄ ရာခိုင်နှုန်းမှာ လုပ်ငန်းခွင်အတွင်း အလွန်ကျေနပ်မှုရှိပြီး အကြောင်းအရာမှာ လုပ်ခလစာကြောင့် ဖြစ်သည် ဟု ဖြေကြားခဲ့ကြောင်း ဆိုသည်။
အဆိုပါ စစ်တမ်းကို အရောင်းပိုင်း (Sales) ၊ marketing၊ အင်ဂျင်နီယာပိုင်း၊ နည်းပညာ၊ ကျန်းမာရေးအပြင် အခြား နယ်ပယ်ပေါင်းစုံမှ ဝန်ထမ်းများ ပါဝင်ဖြေဆိုခဲ့ရာ အင်ဂျင်နီယာကဏ္ဍမှ ၃၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြေကြားခဲ့ကြောင်း၊ အမျိုးသား ၄၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယင်းစစ်တမ်းအရ နေ့စားနှင့် ရာထူးငယ် ဝန်ထမ်းများသည် ၎င်းတို့လုပ်ငန်းခွင်အတွင်း ကျေနပ်ပျော်ရွှင်မှု နည်းပါးသူများဖြစ်သည်ကို တွေ့ရှိရကြောင်း ဆိုသည်။
ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ လခနည်းပါးခြင်းဟု အများဆုံး ဖြေဆိုထားပြီး ဒုတိယဖြေဆိုမှုအနေဖြင့် မိမိ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အထက်လူကြီးနှင့် အဆင်မပြေမှုကြောင့်ဟု ဖြေဆိုထားကြောင်း ပြောကြား ထားသည်။

Credit to ==> Internet Journal
www.pyaephyo.com