1/01/2017

♪ ၂၀၁၇ ပထမသုံးလပတ်တွင် HTC က စမတ်ဖုန်းသစ် သုံးမျိုး ကြေညာမည် ♫


ယခုနှစ်တွင် Bolt နှင့် 10 အပါအဝင် ထုတ်ကုန်အချို့ကို မိတ်ဆက်ခဲ့သော်လည်း အနည်းငယ် ရုန်းကန်ခဲ့ရသည့် HTC သည် လာမည့်နှစ် ပထမသုံးလပတ်တွင် စမတ်ဖုန်းသစ် သုံးမျိုးကို မိတ်ဆက်ကြေညာ သွားဖွယ်ရှိကြောင်း ထိုင်ဝမ်မှ ထွက်ပေါ်လာသည့် သတင်းအရ သိရသည်။

HTC သည် ဇန်နဝါရီ ၁၂ ရက်တွင်ကျင်းပမည့် သတင်းစာရှင်းလင်းပွဲ၌ ပထမထုတ်ကုန်ကို မိတ်ဆက်ကြေညာဖွယ်ရှိသည်။ ကောလာဟလ သတင်းများအရ ကုမ္ပဏီအနေဖြင့် X9 နေရာဆက်ခံမည့် mid-rage X10 ကို ပွဲထုတ်ပြသဖွယ်ရှိသည်။ ၎င်းထုတ်ကုန်တွင် ၅.၅ လက်မ 1080p display, MediaTek Helio P10 processor, 3GB RAM နှင့် 13MP ကျောဘက်ကင်မရာတို့ ပါဝင်မည်ဟုဆိုသည်။

ဒုတိယထုတ်ကုန်က HTC 11 ဖြစ်ဖွယ်ရှိသည်။ အဆိုပါ ထုတ်ကုန်ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဘာစီလိုနာမြို့၌ ကျင်းပမည့် Mobile World Congress (MWC) တွင် မိတ်ဆက်ကြေညာ ဖွယ်ရှိသည်။

တတိယစမတ်ဖုန်းမှာ phablet ဖြစ်ဖွယ်ရှိသည်။ ကုမ္ပဏီအနေဖြင့် HTC Ocean Note ဟုခေါ်သည့် ထုတ်ကုန်တစ်မျိုးကို ဖန်တီးနေသောကြောင့် အသစ်ထွက်မည့် HTC 11 ထက် အရွယ်ကြီးမားသည့် ဗားရှင်းတစ်မျိုးကို တွေ့မြင်ရဖွယ်ရှိသည်။


Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com