1/01/2017

♪ Nokia စမတ်ဖုန်းသစ်တွင် Snapdragon 835 Chipset အသုံးပြုမည်ဟုဆို ♫


Nokia သည် Mobile World Congress 2017 တွင်ပါဝင်မည်ဖြစ်ပြီး စမတ်ဖုန်းသစ်များ ထုတ်ဖော်ပြသဖွယ် ရှိကြောင်းသိရသည်။ Nokia ဖုန်းသစ်၏ အသေးစိတ်အချက်အလက်နှင့် အခြား Android ဖုန်းများမှာ အွန်လိုင်းတွင် ပေါက်ကြားထွက်ပေါ်ထားသည်။ Nokia အနေဖြင့် စမတ်ဖုန်းဈေးကွက်သို့ ယခင်ကထက် ပိုမိုအားကောင်းစွာ ဝင်ရောက်လာဖွယ်ရှိသည်။

Nokia ၏ Weibo လူမှုရေးမီဒီယာတွင် ပေါက်ကြားခဲ့သော အသေးစိတ်အချက်လက်နှင့် feature များကို Phone Arena မှဖော်ပြခဲ့သည်။ ၎င်းဖုန်း၏အမည်မှာ Nokia P ဟုအမည်ရကြောင်းသိရသည်။ အဆိုပါဖုန်းတွင် Snapdragon 835 chipset နှင့် RAM 6GB အသုံးပြုထားဖွယ် ရှိသည်။ ကင်မရာပိုင်းတွင် 23-megapixel Carl Zeiss ကင်မရာကို အသုံးပြုဖွယ်ရှိရာ Quad HD display ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။
Nokia P ကို ၅ လက်မနှင့် ၅.၅ လက်မဟူ၍အရွယ်နှစ်မျိုးဖြင့် ထုတ်လုပ်မည် ဖြစ်ကြောင်း Fortune မှ ဖော်ပြခဲ့သေးသည်။

Nokia အနေဖြင့် ၅ လက်မ စမတ်ဖုန်းကို ဒေါ်လာ ၁၅၀ နှင့် ၅.၅ လက်မကို ဒေါ်လာ၂၀၀ ဖြင့် ရောင်းချ ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် အသစ်ထွက်ရှိမည့် Nokia C1 တွင် 3,210mAh ဘက် ထရီပါဝင်လာဖွယ်ရှိပြီး memory 32GB, 64GB နှင့် 128GB အသီးသီး ထွက်ရှိလာဖွယ်ရှိသည်။ C1 တွင်နောက်ဆုံးပေါ် Android OS ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

HMD Global အနေဖြင့် ယခုနှစ်တွင် Nokia အမှတ်တံဆိပ် မူပိုင်ခွင့်ကို Microsoft ထံမှ ဝယ်ယူခဲ့သည်။ ထို့ကြောင့် လာမည့် ၁၀ နှစ်အတွင်း Nokia အမှတ်တံဆိပ် စမတ်ဖုန်းများကို HMD မှဖြန့်ချိမည် ဖြစ်သည်။



Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com