ကွန်ပျူတာဆိုတာ
အလွန်ပျက်တတ်တဲ့ အမျိုးခင်ဗျ။ မီးအားအတက်အကျအလွန်များတဲ့ ဒီတိုင်းပြည်မှာ
ကွန်ပျူတာတွေက သာပြီးပျက်သေး။ ကွန်ပျူတာမှာ Windows
တက်နိုင်အောင်လိုအပ်တဲ့ hardware ပိုင်းပျက်ပြီဆိုရင် Windows
မတက်နိုင်တော့ဘူး။ ဒါကတော့ အပိုပစ္စည်းရှိမှ သက်ဆိုင်ရာ service ကိုပို့မှ
အဆင်ပြေတတ်တာမျိုး။ သို့ပေမဲ့ ကွန်ပျူတာအသစ်ရဲ့ သက်တမ်းခြောက်လအတွင်းမှာ
hardware ပျက်ခဲ့တယ်။ ပျက်လိုက်ရင် Windows ချည်းပဲ။
မပျက်ခံနိုင်ရိုးလား၊ တွဲဖက်သုံးရမယ့် ပစ္စည်းတွေအတွက် driver တွေတင်လိုက်
ကိုယ့်သဘောကျတဲ့ ခိုးကူး software ပေါင်းစုံတင်လိုက်နဲ့ ကြာတော့ Windows
လည်းမခံနိုင်ဘူး။ OS ထဲက ဖိုင်တချို့လွင့်စင်သွားတာ
ပြိုပျက်သွားတာတွေရှိတယ်။ ကြိုတင်ဖန်တီးထားတဲ့ CD တစ်ချပ်ရှိရင် တော်ရုံ
Windows အမှားတွေကို ပြန်ပြင်ပေးနိုင်ပါတယ်။
Windows ကို ပြန်ပြီးကယ်တင်ပေးမယ့် CD မို့ အဲဒီ CD ကို Rescue CD လို့ခေါ်ပါတယ်။ System rescue toolkit (SRT) လို့လည်းခေါ်တယ်။ သူ့ထဲမှာ Windows ပြင်ဆင်ဖို့ လိုအပ်တဲ့ tool တွေ အားလုံးပါတယ်။ နည်း နည်းနောနော tool တွေမဟုတ်ဘူး။ အမျိုးပေါင်းငါးဆယ်ကျော်လော က်ပါတာ။ တရားဝင်အခမဲ့ပေးတဲ့ tool တွေမို့ စိတ်ချလက်ချသုံးနိုင်ပါတယ်။
Tool တွေသုံးပြီး ပြဿနာအရင်းအမြစ်ကို ရှာနိုင်တယ်။ ပြင်စရာရှိတာကို
ပြင်ပေးနိုင်တယ်။ Windows ပြဿနာအားလုံးနီးပါးကို ပြင်ပေးနိုင်ပါတယ်။
SRT ကိုသုံးပြီးပျက်စီးနေတဲ့ Windows ထဲက အရေးကြီးအပိုင်းတွေ (control panel, Registry , command prompt , disk defragementer) ကို ကိုင်တွယ်နိုင်တယ်။ စိတ်ချရတဲ့ Third-party tool တွေ (kaspersky, eset, McAfee, Avast) ကို SRT ကနေ ခိုင်းစားနိုင်တယ်။ အဲဒီတော့ကာ SRT လို့ခေါ်တဲ့ CD တစ်ချပ်ကို အရင်ဆုံးဖန်တီးထားကြပါမယ်။ Windows မှာ ပြဿနာ တွေပေါ်လာပြီဆိုရင် ပြင်ကြပါမယ်။
Rescue disk ဖန်တီးဖို့လိုအပ်တဲ့ ရင်းမြစ်တွေရယူစရာလမ်းကြောင်း အများကြီးရှိတယ်။ ဒါပေမဲ့ အကောင်းဆုံး လမ်းကြောင်းက Google Drive ကနေသွားတဲ့လမ်းကြောင်းပါ။ www.snipca.com/21983
ကနေလည်း သွား နိုင်ပါတယ်။ Google Drive ထဲကို Gmail account ကတစ်ဆင့်
ဝင်ရပါမယ်။ ပြီးရင် အပြာရောင်နဲ့ပြထားတဲ့ Download button မှာ
ကလစ်နှိပ်ရပါမယ်။ပြီးရင် download anyway မှာထပ်ပြီး ကလစ်နှိပ်ရပါမယ်။
ကိုယ့်ရဲ့ download folder ထဲဝင်လာမယ့် ဖိုင်တွေကိုမြင်နေရအောင် Show all
ကို ရွေးပေးထားပါ။
ဖိုင်တွေအားလုံးစုံပြီး CD burn ကြမယ်။ CD အလွတ်တစ်ချပ်ကို CD/ DVD writer ထဲ ထည့်လိုက်ပါ။ မပါရင် external writer ကို USB port ကနေ စွပ်ပြီးသုံးပါ။ Auto play pop-up Windows ပေါ်လာပြီဆိုရင် Burn files to disc မှာ ကလစ်နှိပ်ပါ။ ကိုယ်ဖန်တီးမယ့် disc ကို နာမည်ပေးပါ။ With a CD/ DVD player ကိုရွေးပါ။ ပြီးရင် next မှာကလစ်နှိပ်ပါ။ ဒီအဆင့်ပြီးသွားပြီ ဆိုရင်ဘာမှမပါတဲ့ File Explorer Windows ကိုတွေ့ရပါမယ်။ ကိုယ်သုံးမယ့် ဖိုင်တွေကို Mouse နဲ့ drag ဖိဆွဲပြီး Explorer Windows ထဲလွှတ်ချဖို့ ညွှန် ကြားချက်ကိုလည်း မြင်ရမယ်။
ပြီးရင် download folder ကိုသွားပြီး ဖွင့်လိုက်ပါ။ အကောင်းဆုံးက explorer windows အလွတ်နဲ့ downloaded folder ကို screen ပေါ်မှာထက်ဝက် စီနေရာယူပြီးဖွင့်တာပါ။ ဒီလိုလုပ်ဖို့အတွက် downloaded folder windows ကို အပေါ်ဘောင် (status bar) ကနေ mouse နဲ့ ဖိဆွဲပြီး screen ရဲ့ ဘေးဘောင်ထဲ ရောက်နိုင်သမျှရောက်အောင် ဆွဲသွင်းပြီး လွှတ်လိုက်ပါ။ Screen ရဲ့ထက်ဝက်ဟာကို အလိုအလျောက်နေရာယူသွားပါလိမ့်မယ်။
Explorer windows ကိုလည်း ဒီအတိုင်းပဲလုပ်ပါ။ ပြီးရင် Download folder
ထဲကဖိုင် တွေကို mouse နဲ့ ဖိဆွဲပြီး screen ရဲ့ တစ်ခြမ်းမှာ မြင်နေရတဲ့
File Explorer windows ထဲမှာလွှတ်ချပါ။ ပြီးရင် CD burn ပါ။ CD အပေါ် မှာ CD
marker နဲ့ SRT လို့ စာရေးပြီး သိမ်းပါ။
Windows ပြဿနာမရှိခင်မှာ အဲဒီ CD ကို CD/ DVD
drive ထဲထိုးထည့်ပါ။ Pop-up windows ပေါ်လာပြီဆိုရင် Run Aio-SRT မှာ
ကလစ်နှိပ်ပါ။ ပြီးရင် Yes နေရာမှာနှစ်ခါနှိပ်ပေးပါ။ Program windows
ပွင့်လာပြီဆိုရင် ကိုယ်ကွန်ပျူတာ desktop အနက်ရောင် ပြောင်းသွားပါမယ်။
ကွန်ပျူတာနဲ့ ပတ်သက်တဲ့သတင်းအချက် အလက်တွေကို ညာဘက်မှာမြင်ရပါမယ်။ အဲဒီမှာ
dirve တစ်ခုချင်းအကြောင်း၊ OS version ၊ user name အပါအဝင်
အချက်အလက်တော်တော်များများကို တွေ့ရပါမယ်။
SRT Windows က screen ရဲ့ဘယ်ဖက်ခြမ်းမှာရှိမယ်။ သူ့ထဲမှာ tab အတော်များများရှိပြီး tab တစ်ခုစီမှာ ရွေးချယ်ခွင့်တွေပေးထားတာကိုလည်း
တွေ့ရပါမယ်။ ကိုယ့်ကွန်ပျူတာဟာ မကြာမကြာ Crash ဖြစ်နေ တယ်ဆိုရင် Task
Manager ကိုရွေးပြီး Windows ရဲ့ Task Manager ကိုဖွင့်ပါ။ ကွန်ပျူတာပေါ်မှာ
လောလော ဆယ် Run နေတဲ့ program အားလုံးကို မြင်ရပါမယ်။ အဲဒီထဲမှာ
သံသယရှိတဲ့ program တစ်ခုကို မြင်ပြီဆိုရင် သူ့ကိုကလစ်နှိပ်ပြီးရွေးပါ။ ပြီးရင် End task မှာ ကလစ်ပေးပါ။ သံသယဖြစ်စရာ program မတွေ့ဘူးဆိုရင် Resource Monitor ကို ကလစ်နှိပ်ပြီး ဖွင့်လိုက်ပါ။
အဲဒီနေရာမှာ ကွန်ပျူတာထဲ Run နေသမျှ process အားလုံးကို ပြပေးပါမယ်။ Background မှာ လာနေသမျှ ဟာတွေ ပါပါတယ်။ ပြီးရင် Memory tab ကိုကလစ်နှိပ်ပါ။ ပြီးရင် commit column header ကိုရွေးပါ။ ဘယ် process က ကွန်ပျူတာရဲ့ memory က အများဆုံးစားတယ်ဆိုတာတွေ့ ရပါမယ်။ အဲဒီ process ပေါ်မှာ ညာကလစ်ထောက်ပါ။ ပြီးရင်ပေါ်လာတဲ့ အကွက်ထဲက End process ကိုရွေးပါ။ Malware တွေကြောင့် ကွန်ပျူတာမှာ မကြာခဏပြဿနာတက်နေတယ်လို့ယူဆ ရင်
System Analyzer ကို ဖွင့်ပါ။ Webroot secure Anywhere tool ကို
ဖွင့်ပေးပါမယ်။ Agree and start နှိပ်ပါ။
Scan လုပ်ပြီးရင် Hardware, Software and threats ဆိုပြီး result ကို ခေါင်းစဉ်သုံးမျိုးနဲ့ ထုတ်ပေးပါမယ်။ Save result ကိုနှိပ်ရင် screen shot ဖမ်းပြီး သိမ်းပေးပါမယ်။ Result ထဲက hardware tab ကို နှိပ်ပြီး fix လုပ်ခွင့်ပေးမယ့် option တွေကို ကြည့်ပါမယ်။ တချို့က drive update လိုတာဖြစ်မယ်။ Device Manager ထဲဝင်ပြီး လိုအပ်တဲ့နေရာမှာ update Device driver လုပ်ပေးပါ။ Memory Diaganostic test လည်းလုပ်နိုင်ပါတယ်။ HD သုံးထားခဲ့ရင် drive တွေကို defrag လုပ်နိုင်တယ်။ မလိုအပ်တဲ့ဖိုင်တွေရှင်းပြီး PC ထဲမှာနေရာလွတ် ရအောင် လုပ်နိုင်တယ်။ Hardware tab က ကွန်ပျူတာပြုပြင် ရေးပညာရှင်တွေအတွက် ပိုပြီးအသုံးတည့်ပါတယ်။
OS repair tab ကို ထပ်ဖွင့်ပါမယ်။ ကွန်ပျူတာကို အရင်အချိန် ဟောင်းဆီပြန်သွားခွင့် (System restore) လုပ်ခွင့်ပေးပါမယ်။ Windows ကို တရားဝင်သုံးတာဆိုရင် update download ဆွဲနိုင်တယ်။ Update ကြောင့် ပြဿနာပြေလည်သလားဆိုတာ စမ်းကြည့်နိုင်တယ်။ PC ရဲ့ registry ကို အပြောင်းအလဲလုပ်ချင်ရင် ဒီနေရာကနေ registry ကို သွားနိုင်တယ်။ Hard drive တွေကိုလည်း clean up လုပ်နိုင်ပါတယ်။ Software tab မှာတော့ OS အတွက် Product key ကိုရှာနိုင်တယ်။ တရားဝင်ဝယ်သုံးတဲ့ Software မှန်သမျှအတွက် product key ရှာနိုင်ပါတယ်။
Software tab အောက်ကနေပြဿနာရှိတဲ့ program တွေကို uninstall လုပ်နိုင်တယ်။ Sleep & wake information ကြည့်နိုင်တယ်။ Network tab ဖွင့်ပြီး အင်တာနက်ချိတ်လိုက်ရင် အင်တာနက်ရဲ့အမြန်နှုန်းကို သိနိုင်တဲ့အပြင် Windows firewall on/ off
အခြေအနေကိုပါ သိနိုင်ပါတယ်။ Security and AV Removal tab ကို ဖွင့်ရင်
Kaspersky Removal Tool ၊ Avast Removal Tool ၊ Esetsys Inspector ၊
Microsoft safety scanner နဲ့ webroot Removal tool တွေကို
တွေ့နိုင်ပါတယ်။ Autofix utility tab ကိုဖွင့်လိုက်ရင် Antimalware Program
တွေကိုတစ်ခုပြီးတစ်ခု run ခွင့်ပြုပါတယ်။ ကိုယ်စချင်တဲ့ program
တစ်ခုကိုရွေးပါ။ ပြီးရင် start autofix မှာကလစ်နှိပ်ပါ။ Tool တစ်ခုစီက
အကျိုးအကြောင်းလာပြရင် ကိုယ့်ဖက်က လိုအပ်သ လိုတုံ့ပြန်ဖို့လိုပါတယ်။
ခိုင်းချင်တာတွေအားလုံးပြီးရင် CD/DVD Drive မှာညာကလစ်နှိပ်ပြီး Eject
ကိုရွေး ပေးလိုက်ပါ။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Windows ကို ပြန်ပြီးကယ်တင်ပေးမယ့် CD မို့ အဲဒီ CD ကို Rescue CD လို့ခေါ်ပါတယ်။ System rescue toolkit (SRT) လို့လည်းခေါ်တယ်။ သူ့ထဲမှာ Windows ပြင်ဆင်ဖို့ လိုအပ်တဲ့ tool တွေ အားလုံးပါတယ်။ နည်း နည်းနောနော tool တွေမဟုတ်ဘူး။ အမျိုးပေါင်းငါးဆယ်ကျော်လော
SRT ကိုသုံးပြီးပျက်စီးနေတဲ့ Windows ထဲက အရေးကြီးအပိုင်းတွေ (control panel, Registry , command prompt , disk defragementer) ကို ကိုင်တွယ်နိုင်တယ်။ စိတ်ချရတဲ့ Third-party tool တွေ (kaspersky, eset, McAfee, Avast) ကို SRT ကနေ ခိုင်းစားနိုင်တယ်။ အဲဒီတော့ကာ SRT လို့ခေါ်တဲ့ CD တစ်ချပ်ကို အရင်ဆုံးဖန်တီးထားကြပါမယ်။ Windows မှာ ပြဿနာ တွေပေါ်လာပြီဆိုရင် ပြင်ကြပါမယ်။
Rescue disk ဖန်တီးဖို့လိုအပ်တဲ့ ရင်းမြစ်တွေရယူစရာလမ်းကြောင
ဖိုင်တွေအားလုံးစုံပြီး CD burn ကြမယ်။ CD အလွတ်တစ်ချပ်ကို CD/ DVD writer ထဲ ထည့်လိုက်ပါ။ မပါရင် external writer ကို USB port ကနေ စွပ်ပြီးသုံးပါ။ Auto play pop-up Windows ပေါ်လာပြီဆိုရင် Burn files to disc မှာ ကလစ်နှိပ်ပါ။ ကိုယ်ဖန်တီးမယ့် disc ကို နာမည်ပေးပါ။ With a CD/ DVD player ကိုရွေးပါ။ ပြီးရင် next မှာကလစ်နှိပ်ပါ။ ဒီအဆင့်ပြီးသွားပြီ ဆိုရင်ဘာမှမပါတဲ့ File Explorer Windows ကိုတွေ့ရပါမယ်။ ကိုယ်သုံးမယ့် ဖိုင်တွေကို Mouse နဲ့ drag ဖိဆွဲပြီး Explorer Windows ထဲလွှတ်ချဖို့ ညွှန် ကြားချက်ကိုလည်း မြင်ရမယ်။
ပြီးရင် download folder ကိုသွားပြီး ဖွင့်လိုက်ပါ။ အကောင်းဆုံးက explorer windows အလွတ်နဲ့ downloaded folder ကို screen ပေါ်မှာထက်ဝက် စီနေရာယူပြီးဖွင့်တာပါ။ ဒီလိုလုပ်ဖို့အတွက် downloaded folder windows ကို အပေါ်ဘောင် (status bar) ကနေ mouse နဲ့ ဖိဆွဲပြီး screen ရဲ့ ဘေးဘောင်ထဲ ရောက်နိုင်သမျှရောက်အောင် ဆွဲသွင်းပြီး လွှတ်လိုက်ပါ။ Screen ရဲ့ထက်ဝက်ဟာကို အလိုအလျောက်နေရာယူသွားပါလိမ
Windows ပြဿနာမရှိခင်မှာ အဲဒီ CD ကို CD/
SRT Windows က screen ရဲ့ဘယ်ဖက်ခြမ်းမှာရှိမယ်။ သူ့ထဲမှာ tab အတော်များများရှိပြီး tab တစ်ခုစီမှာ ရွေးချယ်ခွင့်တွေပေးထားတာကိ
အဲဒီနေရာမှာ ကွန်ပျူတာထဲ Run နေသမျှ process အားလုံးကို ပြပေးပါမယ်။ Background မှာ လာနေသမျှ ဟာတွေ ပါပါတယ်။ ပြီးရင် Memory tab ကိုကလစ်နှိပ်ပါ။ ပြီးရင် commit column header ကိုရွေးပါ။ ဘယ် process က ကွန်ပျူတာရဲ့ memory က အများဆုံးစားတယ်ဆိုတာတွေ့ ရပါမယ်။ အဲဒီ process ပေါ်မှာ ညာကလစ်ထောက်ပါ။ ပြီးရင်ပေါ်လာတဲ့ အကွက်ထဲက End process ကိုရွေးပါ။ Malware တွေကြောင့် ကွန်ပျူတာမှာ မကြာခဏပြဿနာတက်နေတယ်လို့ယူဆ
Scan လုပ်ပြီးရင် Hardware, Software and threats ဆိုပြီး result ကို ခေါင်းစဉ်သုံးမျိုးနဲ့ ထုတ်ပေးပါမယ်။ Save result ကိုနှိပ်ရင် screen shot ဖမ်းပြီး သိမ်းပေးပါမယ်။ Result ထဲက hardware tab ကို နှိပ်ပြီး fix လုပ်ခွင့်ပေးမယ့် option တွေကို ကြည့်ပါမယ်။ တချို့က drive update လိုတာဖြစ်မယ်။ Device Manager ထဲဝင်ပြီး လိုအပ်တဲ့နေရာမှာ update Device driver လုပ်ပေးပါ။ Memory Diaganostic test လည်းလုပ်နိုင်ပါတယ်။ HD သုံးထားခဲ့ရင် drive တွေကို defrag လုပ်နိုင်တယ်။ မလိုအပ်တဲ့ဖိုင်တွေရှင်းပြီ
OS repair tab ကို ထပ်ဖွင့်ပါမယ်။ ကွန်ပျူတာကို အရင်အချိန် ဟောင်းဆီပြန်သွားခွင့် (System restore) လုပ်ခွင့်ပေးပါမယ်။ Windows ကို တရားဝင်သုံးတာဆိုရင် update download ဆွဲနိုင်တယ်။ Update ကြောင့် ပြဿနာပြေလည်သလားဆိုတာ စမ်းကြည့်နိုင်တယ်။ PC ရဲ့ registry ကို အပြောင်းအလဲလုပ်ချင်ရင် ဒီနေရာကနေ registry ကို သွားနိုင်တယ်။ Hard drive တွေကိုလည်း clean up လုပ်နိုင်ပါတယ်။ Software tab မှာတော့ OS အတွက် Product key ကိုရှာနိုင်တယ်။ တရားဝင်ဝယ်သုံးတဲ့ Software မှန်သမျှအတွက် product key ရှာနိုင်ပါတယ်။
Software tab အောက်ကနေပြဿနာရှိတဲ့ program တွေကို uninstall လုပ်နိုင်တယ်။ Sleep & wake information ကြည့်နိုင်တယ်။ Network tab ဖွင့်ပြီး အင်တာနက်ချိတ်လိုက်ရင် အင်တာနက်ရဲ့အမြန်နှုန်းကို သိနိုင်တဲ့အပြင် Windows firewall on/
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com