9/03/2015

မှတ်ဉာဏ်ပမာဏ မြင့်မားသော ZenFone 2 စမတ်ဖုန်းသစ်ကို Asus မိတ်ဆက်





ယခင်မျိုးဆက်များထက် သိုလှောင်မှု မှတ်ဉာဏ်ပမာဏ ပိုမိုမြင့်မားပြီး Storage 256GB ထိ ပါဝင်လာမည်ဖြစ်သော ZenFone 2 စမတ်ဖုန်းကို Asus မှမိတ်ဆက်ခဲ့သည်။

တရုတ် (တိုင်ပေ) အီလက်ထရွန်းနစ် ကုမ္ပဏီ Asus ၏ Android စမတ်ဖုန်းတွင် ယခင်မျိုးဆက်ကဲ့သို့  ၅.၅ လက်မ မျက်နှာပြင်နှင့် 2.3 GHz Intel quad-core ပရိုဆက်ဆာ ပါဝင်လာသော်လည်း storage မှာမူ 256GB အထိ ပါဝင်လာမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုတွင် ပြုလုပ်ခဲ့သောပွဲတွင် ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ Asus သည် RAM 4GB နှင့် storage 256GB ပါဝင်သော ကန်ဒေါ်လာ ၂၄၄ တန်ဖိုးရှိ ZenFone 2 စမတ်ဖုန်းကို မတ်လတွင် တရုတ် (တိုင်ပေ) ၌ ဖြန့်ချိခဲ့ဖူးသည်။

 ထို့နောက် ကုမ္ပဏီအနေဖြင့် ZenFone စမတ်ဖုန်း အမျိုးမျိုးကို အမေရိကန်သို့ မဖြန့်ချိမီ တရုတ် (တိုင်ပေ) ၌ ဦးစွာဖြန့်ချိခဲ့သည်။ ၎င်းတို့ဖြန့်ချိခဲ့သည့် မော်ဒယ်များတွင် RAM 2GB နှင့် storage 64GB အထိပါဝင်သော ဖုန်းများစွာ ပါဝင်သည်။

ထိုအချိန်မှစ၍ Asus သည် ကင်မရာ အသားပေး ထုတ်လုပ်ထားသော ZenFone 2 polygon စတိုင်လ် Deluxe Edition နှင့် laser နှင့် Selfie ဗားရှင်းများကို ထုတ်လုပ်ခဲ့သေးသည်။

Ref: CNET
Credit  internetjournal
Thiha Htike(THT)




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download