9/01/2015

♪ Jailbreak လုပ်ထားသည့် iPhone များမှ Apple account login နှစ်သိန်းကျော် ခိုးယူသည့် malware ရှာဖွေတွေ့ရှိ ♫


KeyRaider ဟုခေါ်သော အသစ်ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည့် malware သည် jailbreak လုပ်ထားသော iPhone များမှ Apple account login ၂၂၅,၀၀၀ ကျော်ကို ခိုးယူခဲ့ကြောင်း သိရသည်။ သုံးစွဲသူများသည် ၎င်းတို့၏ Apple account များကို အသုံးပြုကာ အခွင့်မရှိသော ဝယ်ယူမှုများနှင့် ကြုံတွေ့ခဲ့ကြပြီး အချို့မှာ ransom ကြောင့် iPhone များကို disable ပြုလုပ်ခံရခြင်းနှင့် ကြုံတွေ့ခဲ့ကြသည်။

အဆိုပါ malware ကို Palo Alto Networks နှင့် တရုတ်အခြေစိုက် WeipTech မှ လုံခြုံရေး သုတေသီများက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း လုံခြုံရေးသုတေသီများ၏ အဆိုအရ KeyRaider သည် တရုတ်ရှိ third-party Cydia repository များမှတစ်ဆင့် ဖြန့်ဝေခြင်း ဖြစ်ကြောင်း သိရသည်။

Cydia သည် third-party app တစ်ခုဖြစ်ပြီး သုံးစွဲသူများက jailbreak လုပ်ထားသည့် iPhone များထံ app များကို ရှာဖွေကာ download ရယူနိုင်သည်။

KeyRaider သည် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဂျပန်၊ ယူကေ၊ အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ သြစတြေးလျ၊ အစ္စရေး၊ အီတလီ၊ စပိန်၊ စင်ကာပူနှင့် တောင်ကိုရီးယား အပါအဝင် နိုင်ငံ ၁၈ နိုင်ငံမှ သုံးစွဲသူများထံ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ဆိုသည်။

Palo Alto Networks သည် ဆာဗာတစ်ခုတွင် သိမ်းဆည်းထားသော Apple account နှင့် password ၂၂၅,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းအချက်အလက်ကို အပြင်လူများက အသုံးပြုနိုင်ရန် အတွက် SQL-injection အားနည်းချက်ရှိသော ဝက်ဘ်ဆိုက်တစ်ခုထံတွင် တင်ထားခြင်း ဖြစ်သည်။

Ref: AsiaOne
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com